Professional Authors

နယ်နမိတ်

မိုးကောင်းကင် အနောက်စူးစူး
အဖြူရောင်ငှက်တွေ
အုပ်ဖွဲ့ ပျံသန်း…
ငါ့စိတ်တွေ လွင့် မျောလိုက်ပါလို့ ။
အဆုံးမရှိ..
ထင်ရတဲ့ တောင်တန်း။
အနားမရှိ…
မြင်ရတဲ့ သမုဒ္ဒရာတွေ။
ကမ္ဘာမြေကြီး ကျယ်ပြောသလောက်
မွေးဖွားခြင်း
သေဆုံးခြင်း…
နယ်နမိတ် ကျဉ်းမြောင်းလွန်းတယ်။

In: ကဗျာ Posted By: Date: Aug 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment