Professional Authors

စတင်စိုက်ဝင်လာတဲ့ . . . ( )မြား

ငါ . . . ငါ့ဗျူဟာတွေနဲ့
စစ်တလင်းကို ခင်းကျင်းခဲ့တယ်
ဘယ်လို အနှောင့်အယှက်
အတားအဆီးကမှ
ငါ စစ်ရှုံးအောင်
မလုပ်ခဲ့နိုင်ကြ
ငါ တိုက်ပွဲတိုင်း အောင်နိုင်ခဲပါ့တယ်။

စစ်တစ်ပွဲ ပြီးလို့
တစ်ပွဲ ဆက်တိုက်နေစဉ်
တစ်နေ့မှာ
ငါရေတွေ ဆာလောင်နေခဲ့တယ်။

ငါတိုက်လာတဲ့
တိုက်ပွဲတိုင်းမှာ
စစ်မအောင်နိုင် သ၍
ရေမဆာလောင်ခဲ့တဲ့ ငါက
ရေဆာလောင်တက်ခဲ့သော်လည်း
ငါ တိုက်ပွဲတိုင်းမှာ
ရာဇာ သိက္ခာကို ထိန်းသိမ်းပြီး
ငါ တိုက်ပွဲများစွာကို
ရေဆာရင်း တိုက်ခဲ့တယ်
ဘယ်တော့မှ
မကျရှုံးနိမ့်ခဲ့သေးဘူး။

အဲ့ဒီလို တိုက်နေတဲ့
တိုက်ပွဲစဉ်တွေ အတိုင်း
တစ်နေ့က
ငါတိုက်ပွဲတစ်ပွဲ ဆင်နွဲ့ခဲ့တယ်။
အဲ့ဒီ တိုက်ပွဲမှာတော့
ငါရေဆာလောင်မှုကို
ထိန်းသိမ်းနိုင်မှု မပေးနိုင်ခဲ့ပဲ
ဆက်တိုက်ပွဲ မ၀င်နိုင်တော့တဲ့
အခြေအနေဖြစ်လာခဲ့တယ်။

ငါအင်အား အကုန်သုံးပြီး
ငါ အားခဲခဲ့သော်လည်း
မရပါလား။

ငါမောနေစဉ်
ငါနားက စိုစွတ်နေတဲ့
မြေကြီးကို
လက်နဲ့ ကောက်ဆုတ်လိုက်တာ
အံအော်စရာ ကောင်းလောက်အောင်
အဲဒီနေရာမှာ
ရေတွေ ထွက်လာတယ်။

ငါ မောနေတယ်
ငါရေတွေ တွေ့နေရတယ်
အဝေးကြီးမှာလည်း မဟုတ်
အနီးလေးမှာ
တိုက်ပွဲ တိုက်စဉ်တိုင်း
ရေမဆာခဲ့သလို
ရေဆာခဲ့လို့ ရှိရင်လည်း
ရေမရှာပဲ
တိုက်ပွဲ ဆက်တိုက်နိုင်တဲ့ ငါက
အဲ့ဒီရေကို မသောက်ပဲ
မနေနိုင်ခဲ့တာ
ဘာကြောင့်လဲ။

အဲဒီရေဟာ
စစချင်း ရေကြည် ထွက်မလာပေမယ့်
အဲ့ဒီရေ အရသာက ချိုတယ်
ငါ တိုက်ပွဲ သံတွေကြားနေရပေမယ့်
အဲ့ဒီရေကို ငါသောက်မိနေရင်း
အဲ့ဒီမှာ ငါရေတွင်းလေးနဲ့
သံယောဇဉ် ဖြစ်သွားကြတယ်။

တိုက်ပွဲဖြစ်နေစဉ်မှာပဲ
အဲ့ဒီရေတွင်းလေးကို
ဘယ်လို ကျေးဇူးတွေ
ပြန်ဆပ်ရမလဲလို့
ငါတွေးနေမိတာ
တိုက်ပွဲ အသံ ရပ်သွားတဲ့ အထိပါပဲ။

ငါ့ မှူးမတ်တွေ
ငါ့ ဆီကို ရောက်လာကြပြီး
ငါကို ဒဏ်ရရသူတစ်ဦး အထင်နဲ့
ပွေ့ထူကြတယ်။

ငါသူတို့ ထူတာ ပါသွားပေမယ့်
ငါ့အကြည့်က ရေတွင်းနားက
ဆုပ်ခွာ မသွားခဲ့
ငါ့ မှူးမတ်တွေကို
ငါဒဏ်ရာ မရကြောင်း
ပြောပြတယ်
နောက်ပြီး ငါ့ရေတွင်းလေး အကြောင်း
ပြောပြပေးတယ်။

ငါ့ မှူးမတ်တွေကို
ငါပြောလိုက်တယ်
ဒီနားကို ကာပေးပါလို
နောက်နေ့က စပြီး
ငါ ဒီရေတွင်းလေးကို
အမြဲ
ဆက်လက် တူးနေမယ်ဆိုတာကိုပါ
ငါ ပြောလိုက်တယ်။

ငါအမြဲ ဆက်လာတူးခဲ့တယ်
ငါ အမြဲ
ရေတွင်းလေးက ရေကိုပဲ
သောက်နေမိတော့တယ်။

အခု ငါတူးတဲ့ ရေတွင်းလေးက
ကြာပန်းတွေတောင် ပေါက်လို့
ငါ ရေအမြဲ ဆင်းကူးခဲ့သလို
ဒီရေကန်လေး ပိုလှလာဖို့ပါ
ငါအမြဲ ကြိုးစားခဲ့တယ်။

ငါရှင်သန်နေသမျှ
ငါ အသက်ရှုနေသမျှ
ငါ ဒီနားလေးကို အမြဲလာမယ် ဆိုတာကို
ဒီရေကန်လေးဆီမှာ
ငါ သစ္စာဆိုပေးခဲ့ပြီးပါပြီလေ။

ငါမျှော်လင့်ခဲ့တဲ့
ငါအိမ်မက်တွေကို
ငါ လုပ်ဆောင်နိုင်ခဲ့ ပါပြီ။
ငါ ကျေနပ်ပါတယ်။

ငါမရှိတော့တဲ့ နောက်ပိုင်း
ငါ့ရေကန်လေး ဘယ်လိုကျန်လိုက်မလဲ
ငါလို စောင့်ရှောက်ကျပါလေ မလား။
အလိုအလျောက် ခန်းခြောက်သွားလေ မလား
ငါ ဒီအတွေးတွေနဲ့
အိပ်မရ ဖြစ်ခဲ့ပါတယ်။

ငါအမြဲ စိုးရိမ်ခဲ့တယ်
ငါအမြဲ ပူဆွေးခဲ့တယ်
ငါရဲ့ တစ်သက်နဲ့ တကိုယ်
ငါချစ်ခဲ့ရတဲ့
ငါ မြတ်နိုးခဲ့ရတဲ့
ငါတန်ဖိုးထားခဲ့ရတဲ့
ငါ့ရေကန်လေး
ငါ အရမ်းချစ်ပါတယ် ဆိုတာကို
ရေကန်လေး သိပါစေလို့
ငါ ဆုတောင်းပါတယ်။

ဘာဝဆက်တိုင်း
ငါအမြဲ တူယှဉ်စွာ
မင်းနဲ့ ရှင်သန်သွားရပါစေလို့
အမြတ်နိုးဆုံးသော
ငါ့ ဆုတောင်းများထဲက
ဆုတစ်ခု အနေနဲ့
ဆုတောင်းခဲ့တယ်။

ငါ့တောင်းဆု
ပြည့်ပါစေလို့
ငါ့ရဲ့ ရေကန်လေး
ပြောပေးပါနော်
ငါချစ်တဲ့ ရေကန်လေး . . .
ငါချစ်တဲ့ . . .
ငါ့ရေကန်လေး . . . ။ ။
(ရွက်စိမ်း)

In: ကဗျာ,Others Posted By: Date: Oct 28, 2011
Comment #1

ဒီကဗျာကို လည်း လုလင် ၀င်ေ၇ာက် အားပေးသွားပါသည်

Leave Comments

Name*

Email*
Website
Email me whenever there is new comment