Professional Authors

*** အဆော့လွန်တဲ့ ကဗျာ ***

မနက်ခင်းက မိရိုးဖလာအတိုင်း
တစ်နေ့တာအသက်ရှင်ခြင်းရဲ့ ပထမစာမျက်နှာ
ငါ့တစ်နေ့တာကိုပြန်တီးခတ်ကြည့်တော့
မင်းကိုသတိရတဲ့သံစဉ်တွေပဲထွက်လာတယ်
 
မင်းက…

ငါအသစ်မက်မိတဲ့အိပ်မက်
ငါအသစ်တွေ့ထားတဲ့ကမ္ဘာ

ငါက…
ဆံပင်ပုံစံပျက်ရင်တောင်ကမ္ဘာပျက်မတတ်ခံစားတတ်သူ
သစ်ရွက်ကြွေှ့ရင်တောင်ဝမ်းနည်းစိတ်နဲ့မီးလောင်လွယ်သူ
င့ါအနားမှာမင်းမရှိတဲ့အခါ
ငါ့ကိုယ်ငါတောင်ဘယ်လိုအထူးပြုရမလဲမသိဘူး

 ငါတို့အနမ်းနဲ့ပွင့်တဲ့ပန်း

ငါတို့အပြင်ဘယ်သူမှမသိတဲ့ချစ်ခြင်းသစ္စာတွေနဲ့
ငါတို့အိပ်မက်တွေလဲရွှေအဆင်းနဲ့လင်းအုန်းမှာပါ

ခုတော့ ….
ဝေးနေရအုန်းမှာပေါ့
ငါ့ခံစားချက်အကုန်လုံးသာဖွင့်အန်ချလိုက်ရင်
ကမ္ဘာကြီးတစ်ခုလုံးတောင်မီးလောင်ပြာနှမ်းသွားအုန်းမယ်

မယုံရင်
ဘယ်မိုးကို ဘယ်အငြိုးနဲ့ရွှာပြရမလဲ
ဒီကဗျာကိုဘယ်ရှိုးမှာသွားခင်းကျင်းရမလဲ
စကားလုံးအဆော့လွန်
ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတဲ့ကဗျာ
ဒီရှိုးအတွက်ခင်းကျင်းလိုက်တယ် ။ ။

ဒီလူ(တောင်တွင်းကြီး)

မှတ်ချက်။ ။ဖော်အဲဗား ဆိုဒ်ရဲ့ကဗျာရှိုးပွဲအတွက်ရေးတင်ဖြစ်တဲ့ကဗျာလေးပါ

In: ကဗျာ Posted By: Date: Oct 27, 2011
Comment #1

mike de kwar,,
lone wa lan de.

commentinfo By: ei lay at Oct 27, 2011
Comment #2

မိုက်တယ်ကွာ အဲ့ဒါမှ ဒီလူ(တောင်တွင်းကြီး):)
အကိုရေ အဲ့လိုမျိုးကဗျာလေးတွေဖတ်ရဖို့ မျှော်လင့်နေပါတယ်
အကုန်လုံးကိုကြိုက်တော့ ကော်ပီကူးမပြတော့ဘူး
အမြဲအားပေးလျက်
ညီမြတ်သူ(ခေတ္တ-လှည်းတန်း)

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Oct 27, 2011
Comment #3

မယုံရင်
ဘယ်မိုးကို ဘယ်အငြိုးနဲ့ရွှာပြရမလဲ
ဒီကဗျာကိုဘယ်ရှိုးမှာသွားခင်းကျင်းရမလဲ
စကားလုံးအဆော့လွန်
ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတဲ့ကဗျာ
ဒီရှိုးအတွက်ခင်းကျင်းလိုက်တယ် ။ ။
အားပေးနေပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment