Professional Authors

*တမ်းတတဲ့တေး*

တစ်သက်လုံးဝေးပြီလို့ မယုံဘူး …
တစ်ချိန်ချိန်ပြန်ဆုံချင်တဲ့စိတ်ကူး
တိတ်တခိုးရူးနေတုန်းပါပဲ…

လက်တွေ့သိပ်မဆန်ဘူး
အချစ်ဦးက
ဘ၀တစ်လျှောက်လုံးရဲ့ဆူးတဲ့ …

ငါတို့အဆုံးသတ်က
ပြဇာတ်ဆန်ခဲ့သလား
လိုအပ်တယ်ဆိုပြီး
ကျောသပ်ခံခဲ့ရတဲ့သူက ငါပါ …

အမှတ်တရဆိုတာ
ဘ၀ရဲ့အခမ်းနားဆုံးနေ့တွေ့ပေါ့
မေ့နိုင်အောင်ကြိုးစားခြ
င်းတွေက
ငါဆိုနေကျ အလွမ်းသီချင်းဖြစ်ခဲ့ရတယ်လို့
အတိတ်ကချိုတယ် ….

တကယ်ဆို
‘အချစ်’လို့ တံဆိပ်တပ်ပြီး
အလှပဆုံး အဆိပ်ခတ်ခဲ့သူတစ်ယောက်အတွက်
လွမ်းလောက်စရာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့
(အဆုံးမဲ့တမ်းတခြင်းတွေ)
မတောက်ပသင့်တော့ဘူးတဲ့လေ ….

In: ကဗျာ Posted By: Date: Nov 7, 2011
Comment #1

a tate ka cho de.
pyit soke pan ka yin khone de.
a nar gat ka doe ye pyaw shwin phwe nar khoe sa yar pan tine,

commentinfo By: ei lay at Nov 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment