Professional Authors

ငါ……………

ငါ……

အရာရာတွေဝေမှု့တွေနဲ့

မပြတ်သားတတ်တာ

ငါ……..

……………………

 

ငါ…..

ခေါင်းစဉ်တပ်လို့မရတဲ့ခံစားချက်တွေကြားထဲ

ပြောပြလို့မတတ်တဲ့စကားလုံးတွေနဲ့

တ၀ဲလည်လည်ဖြစ်နေတဲ့

ငါ……..

……………………

ငါ……

သံယောဇဉ်ဆိုတာမီးတစမှန်းသိရဲ့နဲ့

မငြိမ်းသတ်နိုင်ပဲထိုင်ပြီးယပ်ခပ်ပေးချင်မိနေတဲ့

ငါ……..

……………………

 

ငါ……

သုံးစားမရတဲ့မာနတခွဲသားနဲ့

သတိမရဘူးအခါခါငြင်းဆို

မျက်ဝန်းမှာတော့မျက်ရည်စိုနေမိတာ

ငါ……..

……………………

 

နောက်ဆုံး………

နင့်ကိုနားလည်ဖို့ကြိုးစားရင်းနဲ့

င့ါကိုငါပြန်နားလည်တတ်ခဲ့တဲ့……

ငါ……..

……………………

 

ငါ…….

နင်ထွက်သွားပြီးနောက်ပိုင်း

အသဲဟက်တတ်နဲ့

ခုချိန်ထိဘာတခုမှအဖြစ်မရှိသေးတဲ့

ငါ……..

……………………

 

ဆည်းဆာ

In: ကဗျာ Posted By: Date: Nov 7, 2011
Comment #1

နင်ထွက်သွားပြီးနောက်ပိုင်း

အသဲဟက်တတ်နဲ့

ခုချိန်ထိဘာတခုမှအဖြစ်မရှိသေးတဲ့

ငါ……..
အတူတူပဲဗျ…အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 7, 2011
Comment #2

လုလင် အားပေးသွားသည်

Comment #3

ကျေးဇူးပါကိုလုလင်

commentinfo By: ဆည်းဆာ at Nov 7, 2011
Comment #4

ငါ…..

ခေါင်းစဉ်တပ်လို့မရတဲ့ခံစားချက်တွေကြားထဲ

ပြောပြလို့မတတ်တဲ့စကားလုံးတွေနဲ့

တ၀ဲလည်လည်ဖြစ်နေတဲ့ …..

commentinfo By: rabbit at Nov 7, 2011
Comment #5

လုံးဝ လန်းတယ်…

အားပေးသွားတယ်…..

commentinfo By: Arker at Nov 7, 2011
Comment #6

ကဗျာလေး ကောင်းသဗျ
အားပေးသွားကြောင်းပါ ~~

commentinfo By: X - ray at Nov 19, 2011
Comment #7

ကဗျာကောင်းတစ်ပုဒ်ဘဲ
အားပေးသွားပါတယ် ။

commentinfo By: X - ray at Nov 19, 2011
Comment #8

မေ့ပြီး comment နှစ်ခုရေးမိသွားတယ်ဗျ
တောင်းပန်ပါတယ် ။

commentinfo By: X - ray at Nov 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment