Professional Authors

အတမ်းအတဆုံ(မင်းလူန)

မျက်စိမှိတ်
ခေါင်းညိတ်
ပြီးတော့ ဟိတ်ဟန်အပြည့် နဲ့ 
ဟုတ်တယ်လို့ လိုက်လျောရပေါင်းလဲများပြီ
××××××××
တစ်ကယ်တော့ 
ငါမှာလဲ
လူတစ်ယောက်ရဲ့ အတ္တနဲ့ 
တစ်ကိုယ်ကောင်းဆန်ချင်စိတ်ရှိတာပေါ့ ..မေ
မင်းပစ်ချလိုက်တဲ့ 
အပြုံးတွေလိုက်ကောက်ပြီး
ကိုယ်နဲ့ ဆိုင်သလိုကောက်နမ်းရတာ
ကြာတော့ လဲမောလာတယ်
××××××××××××××
ဖြူစင်မှု့ 
ချစ်ခြင်းကိုအဟန့် အတာဖြစ်စေရော့ သလား
ကဗျာထဲမှာကျတဲ့ မျက်ရည်
မင်းရင်ဘက်ထဲရေးထိုးခွင့် ရချင်တယ်

                                မင်းလူန

In: ကဗျာ Posted By: Date: Oct 26, 2011
Comment #1

ဖူစင်မှု့ 
ချစ်ခြင်းကိုအဟန့် အတာဖြစ်စေရော့ သလား
ကဗျာထဲမှာကျတဲ့ မျက်ရည်
မင်းရင်ဘက်ထဲရေးထိုးခွင့် ရချင်တယ်
လုလင် အားပေးသွားသည်

Comment #2

စာလုံး တစ်လုံးချင်စီရယ် စာကြောင်း တစ်ကြောင်းချင်းစီ က ရင်မှာ ထိတယ်ဗျာ အားပေးနေပါတယ်

commentinfo By: Demon at Oct 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment