Professional Authors

ကဗျာရေးနေတယ်(မင်းလူန)

အစီအစဉ်မကျပဲတစ်ခုချင်းစီ အစဆွဲထုတ်

ငါ့ အလုပ်ကိုက

ငါဘာသာတစ်ယောက်ထဲရှုပ်ဖို့ ထင်ပါရဲ့

ထွက်သွားခွင့် ရပြီဆိုရင်

ယူသွားနိုင်တာတွေထုပ်ပိုးဖို့ 

ကိုယ့်အတိတ် ကိုယ်ပြန်ကြည့် မိမှပဲ

ငါလည်းအတ္တနည်းနည်းကြီးခဲ့ တာပဲလို့ 

တရားပေါက်သလိုတွေး……..
အိုး…… အနာဂါတ်တွေ ပိုးမွေးသလိုမွေးရတော့ မှာပဲလေ။

×××××××××××××××-

ကဗျာဟုတ်ချင်ဟုတ်မယ်

ဟုတ်ချင်မှဟုတ်မယ်

ဟုတ်တယ်ဆိုတာတစ်ကယ်တော့ မဟုတ်ပြန်ဘူးလို့ 

စိတ်ပညာဗေဒတစ်ခုခုမှာဖတ်ဖူးသလိုလိုပဲ

ဒါဟာတရားကျစရာလား

အနှစ်သာရတစ်ခုလား

ဘ၀တစ်ခုလား

ငါလား

ရုပ်လား…နာမ်လား

××××××××××××××××

တစ်ကယ်တော့ ဆိုတာ

တစ်ကယ်ဖြစ်ချင်မှဖြစ်ပါလိမ့် မယ်

အရူးတစ်ယောက်လိုရေးမိတဲ့ ကဗျာဆရာဟာ

ဦးနှောက်မှိုတက်နေတဲ့ 

အတွေးအခေါ်တွေနဲ့ ဒီကဗျာကိုရေးကောင်းရေးမယ်

ဖတ်တဲ့ သူက

အလတ်ဆတ်ဆုံးအသိဥာဏ်နဲ့ ဖတ်ချင်ဖတ်မယ်

ကဲ….ရှိစေတော့ 

ဖတ်ချင်သလိုဖတ်

ဒါပေမယ့် ရေးချင်သလိုတော့ မရေးခဲ့ မိဘူး

မနက်ဖြန်အကြောင်းကိုကဗျာထဲမှာ

ပါဆယ်ထုပ်ပြီးသိမ်းမထားတော့ 

မျှော်လင့် ခြင်းတွေနဲ့ ဝေးနေလိမ့် မယ်

ဒါပေမယ့် ဒီနေ့ ကအရေးကြီးတယ်

××××××××××××××××××××

ကျနော်အဲ့ ဒီလိုဒဿနတွေနဲ့ အက်ဆေးတစ်ပုဒ်သွားရောင်းဖူးတယ်။

ကျနော်သွားရောင်းတဲ့ သူကဒဿနတွေကိုဖယ်ပြီး

ကလောင်တွေကိုသာဝယ်နေပြန်ရော

ကျနော်အဲ့ ဒီဒဿနတွေကိုလွယ်အိတ်ထဲထည့် ပြီး၃၃လမ်းမှာငိုချလိုက်မိဖူးတယ်

ကိုယ်ချင်းစာတဲ့ ကဗျာဆရာတစ်ယောက်

နှစ်ယောက်

သုံးယောက်လည်းဖြစ်မယ်ထင်တယ်

ညနေခင်းတစ်ခုကိုတူတူဖြတ်သန်းမယ်ဆိုပြီး

တစ်ယောက်ကိုတစ်ယောက်မော့ သောက်လိုက်ကြပြန်တယ်။

×××××××××××××××××××××××

ကဲရေးမိပြီဆိုတော့ 

ဖတ်တဲ့ သူကိုလည်းလေးစားရဦးမယ်ဆိုတဲ့ အသိနဲ့ 

ကဗျာပုံစံလေးပြန်ဖော်ပြီး

အတွေ့ အကြုံတွေချခင်းလိုက်တော့ တယ်။

တစ်ကတည်း

ကဗျာတစ်ပုဒ်လုံး

ဘယ်နေရာမှာရိုးသားခဲ့ မှန်းမသိတဲ့ ကဗျာတွေဖြစ်နေပြန်တော့ 

ရေးသမျှကို

ဘယ်ဘက်ရင်အုံထဲပြန်သိမ်းရပြန်တယ်.။

×××××××××××××××××

တစ်ကယ်တော့ 

ကဗျာဟုတ်ချင်မှဟုတ်မယ်

ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ

မနက်ဖြန်ထက်

ဒီနေ့ နဲ့ အခုရိုးသားရဲဖို့ 

ကဗျာတစ်ပုဒ်ရေးနေတယ်

×××××××××××××××××××××××                     မင်းလူန

In: ကဗျာ Posted By: Date: Oct 24, 2011
Comment #1

ဦးဆုံးအပိုဒ်လေးကိုပိုပြီးသဘောကျနေမိပါတယ်

commentinfo By: jasmine(တောင်ကြီး) at Oct 24, 2011
Comment #2

ဦးနှောက်မှိုတက်ပေမဲ့..အတွေးအခေါ်တွေလတ်ဆတ်ဆဲပါ.. 😉

commentinfo By: နတ်သမီး at Oct 24, 2011
Comment #3

ဘယ်တွေသွားနေတုန်း အကိုရ…ခုမှပဲပြန်ပေါ်လာတော့တယ်… 🙂

တစ်ကယ်တော့ 

ကဗျာဟုတ်ချင်မှဟုတ်မယ်

ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ

မနက်ဖြန်ထက်

ဒီနေ့ နဲ့ အခုရိုးသားရဲဖို့ 

ကဗျာတစ်ပုဒ်ရေးနေတယ်

မိုက်တယ်…….။

commentinfo By: terry at Oct 24, 2011
Comment #4

ကဗျာကောင်းတစ်ပုဒ်ပဲ အကိုရာ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 24, 2011
Comment #5

မနက်ဖြန်အကြောင်းကိုကဗျာထဲမှာ

ပါဆယ်ထုပ်ပြီးသိမ်းမထားတော့ 

မျှော်လင့် ခြင်းတွေနဲ့ ဝေးနေလိမ့် မယ်
ကောင်းတယ်ဗျ… မိုက်တယ်
အားပေးနေပါတယ်

Comment #6

တကယ်ကိုကောင်းပါတယ် …. အားပေးလျက်ပါ …

commentinfo By: eTerNITY at Oct 24, 2011
Comment #7

ကောင်းပါတယ်အကို

commentinfo By: ပြည့်ဖြိုး at Oct 25, 2011
Comment #8

ကောင်းလိုက်တဲ့ကဗျာဗျာ တစ်ပိုဒ်လုံးကြိုက်တယ်ဗျာ
အားပေးတယ်ဆိုတာထက်တောင်လွန်ကြူးသွားပြီလို့ပဲပြောရတော့မယ်
လေးစားလျက် မောင်မြတ်သူ(ခေတ္တ-လှည်းတန်း)

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Oct 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment