Professional Authors

ရွှေရောင်အနမ်း

ရွှေရောင်အနမ်း

 

လက်နှစ်ဖက်ကို ရှေ့ထုတ်

ပစ္စုပ္ပန်ကို ဖမ်းဆုပ်တော့ အတိတ်ဖြစ်ဖြစ်သွား

အနာဂတ်က လက်ကြားက ဆေးလိပ်တို

မီးမညှိရသေးခင် ရွှေမျက်နှာညိုတယ်

 

လမ်းရှိမှ ဆက်လျှောက်မယ်ဆိုတဲ့ စိတ်နဲ့တော့

ပိတ်ထားတဲ့ တံခါးတွေ ပွင့်လာမှာ မဟုတ်ဘူး

တံခါးပိတ်ထားတိုင်း လှည့်မပြန်မဲ့ ခြေထောက်

အနာဂတ်လမ်းကို သွေးနဲ့ ဖောက်တယ်

 

ငါဟာ အသက်ရှုတတ်တဲ့ ကျောက်တုံး

လရောင်ကို ငတ်ရင် လက်ဖြန့်မိုး မတောင်းတဲ့ကောင်

စိတ်နဲ့မျှားလို့မရတဲ့ လမ်းကို

ကဗျာထဲထည့် နမ်းပစ်လိုက်တော့တယ်

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Oct 23, 2011
Comment #1

လမ်းရှိမှ ဆက်လျှောက်မယ်ဆိုတဲ့ စိတ်နဲ့တော့

ပိတ်ထားတဲ့ တံခါးတွေ ပွင့်လာမှာ မဟုတ်ဘူး

တံခါးပိတ်ထားတိုင်း လှည့်မပြန်မဲ့ ခြေထောက်

အနာဂတ်လမ်းကို သွေးနဲ့ ဖောက်တယ်………။
အားပေးသွားပါတယ်ခင်ဗျာ…။အဲဒီအပိုဒ်လေးမိုက်တယ်…..။

commentinfo By: taryarkoko at Oct 23, 2011
Comment #2

ငါဟာ အသက်ရှုတတ်တဲ့ ကျောက်တုံး

လရောင်ကို ငတ်ရင် လက်ဖြန့်မိုး မတောင်းတဲ့ကောင်

စိတ်နဲ့မျှားလို့မရတဲ့ လမ်းကို

ကဗျာထဲထည့် နမ်းပစ်လိုက်တော့တယ်
လုလင် အားပေးသွားပါတယ်

Comment #3

စိတ်တံခါးကိုစိတ်နဲ့ပဲပြန်ခေါက်ခဲ့တယ်.. ။

commentinfo By: နတ်သမီး at Oct 24, 2011
Comment #4

ကဗျာတွေတော့ပြန်ကူးမရေးတော့ဘူး…
ဘာဖြစ်လို့ လဲဆိုတော့တစ်ပုဒ်လုံးကြိုက်လို့ ….
ဒီထက်မပြောတတ်တော့ဘူး…အကိုချီရွန်ရေ…….။ 🙂

commentinfo By: terry at Oct 24, 2011
Comment #5

goodတယ်ဗျာ….အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 24, 2011
Comment #6

အကိုချီရွန်ရေ…….

လမ်းရှိမှ ဆက်လျှောက်မယ်ဆိုတဲ့ စိတ်နဲ့တော့

ပိတ်ထားတဲ့ တံခါးတွေ ပွင့်လာမှာ မဟုတ်ဘူး

တံခါးပိတ်ထားတိုင်း လှည့်မပြန်မဲ့ ခြေထောက်

အနာဂတ်လမ်းကို သွေးနဲ့ ဖောက်တယ်…..အားပေးနေပါတယ်ဗျာ…။

commentinfo By: taryar at Jan 11, 2012
Comment #7

ကောင်းလိုက်တဲ့ကဗျာ အဖတ်နောက်ကျလို့စိတ်မကောင်းဘူး

commentinfo By: အသဲကွဲမိုး at Jun 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment