Professional Authors

ဖြစ်ရလေ (မင်းသုဝဏ်)

နောက် ဟာသလေး တခုပါ။ ဘယ်တုန်းကစပ်ခဲ့တယ် သိတဲ့သူများ ‘မန့်’ ခဲ့ကြပါ။

မောင်ကြီးနှမ ခိုင်သဇင်
ဘယ်ဆီများလဲ ဟင်။
ခေါင်းမှာရွက်လို့ ရေအိုးတင်
ရေခပ်သွားမယ် ရှင်။

ရေအိုးထမ်းလို့ လိုက်ခဲ့ချင်
လိုက်ရမလား ဟင်။
မောင်ကြီးသဘော အတိုင်းပင်
လိုက်ချင်လိုက်ပေါ့ ရှင်။

မောင်ကြီးမေတ္တာ ပန်းကိုဆင်
လက်ထပ်မလား ဟင်။
မောင်ကြီးသဘော အတိုင်းပင်
နာယူပါ့မယ် ရှင်။

နှမလေးရဲ့ မွေးဘခင်
ဘာလုပ်စားလဲ ဟင်။
ထွန်ထယ်ရုန်းလို့ လယ်ကွင်းပြင်
လယ်လုပ်စားတယ် ရှင်။

မောင်ကြီးနှမ ခိုင်သဇင်
ပစ္စည်းရှိလား ဟင်။
နှမလေးရဲ့ အဆင်းပင်
ပစ္စည်းပါပဲ ရှင်။

သည်လိုဖြင့်လဲ ခိုင်သဇင်
မယူ နိုင်ဘူးထင်။
ယူပါလို့များ ပျိုလေးခင်
ပြောဘူးလို့လား ရှင်။ ။

In: ကဗျာ,မင်းသုဝဏ် Posted By: Date: Aug 26, 2011
Comment #1

ha ha ha …………………… thanks for posting this poem…………. really nice

commentinfo By: May Kha at Aug 26, 2011
Comment #2

he,,he,,
excellent.

commentinfo By: ei lay at Aug 26, 2011
Comment #3

ရယ်သွားရတယ် …
ထပ်ရေးသားပါအကိုရေ …

commentinfo By: တိမ်တိုက် at Aug 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment