ဒီလှိုင်းပမာ သူတို့ခြေရာ
အမည်မဲ့ သခင်မဲ့ လေလွင့်ရာကို
ယိမ်းယိုင်နေတဲ့ ခေါင်းလောင်လေးတွေတိုင်း
လေတိုက်တိုင်း လှုပ်ရှားတိုင်းမှာ
အော်မြည်တတ်တယ်…။
ခိုင်မာတဲ့ အဖွဲ့စည်းတွေနဲ့
တည်ဆောက်ထားတဲ့ သစ်ပင်က
ရွက်ဝါလေးတွေတိုင်း လေတိုက်တိုင်း
လှုပ်ရှားတိုင်းမှာ ကြွေကျတတ်တယ်…။
မာကျောလွန်းတဲ့ ကိုယ်ထည်တွေနဲ့
ဖွဲ့စည်းထားတဲ့ သံမဏိက
မီးဒဏ်ရာတွေ ထိတာများတိုင်း
အရည်ပျော်တတ်တယ်…။
စေလိုရာကို ပြေးနေတဲ့
မြစ် ချောင်း အင်း အိုင်ထဲက
ရေတွေလို စိတ်အလိုလိုက်ရင်း
အေး စက်စက်နဲ့ ရက်စက်မှုတွေကို
အပျော်တမ်း ကစားကြလို့
တရားခုံပေါ်မှာ အမှုတွေနဲ့
ပျော်တတ်တဲ့ စရိုက်ဆိုးကျိုးတွေကို
အမှန်တရား အထင်နဲ့ လုပ်ရဲဇာတ်ရဲ
မိုက်ဇာတ်ရဲတဲ့ လူမိုက်ကြီးစိတ်ဓာတ်နဲ့
နှလုံးပွတ်လို့ နေထိုင်တတ်တယ်…။
ခိုင်းချင်သလိုခိုင်း ခြစ်သလို
တောက်တတ်တဲ့ မီးအဟုန်လို
ဒေါသကို သူငယ်ချင်းဖွဲ့
မိုက်လိုက်တဲ့ စိတ်ဓာတ်တွေနဲ့
လောဘတပ်မက်ရင်း မောဟအကျဉ်းထောင်မှာ
ဘဝထောင်ကျထဲ အပျော်တွေမက်လုံးဖြစ်ခဲ့
မနေတက်တဲ့ စရိုက်တွေကို
ဘောင်သွင်းဖို့ ကြိုးစားနေခိုက်
အလိုလိုက်မိတဲ့ စိတ်မိုက်ကြောင့်
အလွယ်တွေးတော မီးသီးချင်းဆိုတတ်တယ်တဲ့….။
ပတ်ဝန်းကျင်က လူမိုက်လို့ပြောတာကို
ဂုဏ်ထူးပေးတယ် အထင်နဲ့
အနှိမ်မခံတဲ့ သက်မဲ့ ဓာတ်တိုင်လို
လမ်းဘေးတွေမှာ ရပ်တန့်ရင်း
ဇိမ့်ခံတတ်တဲ့ သက်ရှိတွေရယ်
ရေနွေးငွေ့ ရထားပမာ မီးခိုတွေ 
တလူလူနဲ့ ဆေးလိပ်သောက်လို့
သူအတွက် ငါ့အတွက်
အမှန်တရားတွေ ရှာဖွေရင်း
အခုတော့ အမှန်တရားလည်း ပျောက်ခဲ့တယ်….။
အကြောင်းတရားတွေက သမိုင်းကို ခေါင်းခံ
စစ်တန်းတွေထုတ်လို့ ဇာတ်ပေါင်းလိုက်တော့
သတ္တိကောင်းတဲ့ ဇာတ်လိုက် လူငယ်တွေရဲ့
လုပ်ဆောင်ချက်တွေ လိုအပ်ချက်တွေနဲ့
ကာရံဖွဲ့စည်းနေလို့ လာလမ်းဖြောင့်တဲ့
နည်းလမ်းတွေကို သင်ယူရင်း
သတ္တိကောင်းတဲ့ စိတ်ဓာတ်တို့
မြင့်တင်ပေးခဲ့တယ်
 ဒါပေမဲ့ ငွေကြေးမဲ့နေဆဲ…။
တက္ကသိုလ်မြတ်မင်း

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
                                            
Comment #1
အားပေးလျှ က်ပါ……..