Professional Authors

ပန်းကြွေတခုရဲ့ရာဇဝင်

လှပသောမှားယွင်းမှုများနှင့်
ကျနသောအတုအယောင်များကြား
မလွန်ဆန်နိုင်သောအကြောင်းတရားကောင်းများကြောင့်
တန်ကြေးတက်လာသော…ည

တချက်ချက်စူးရှထွက်ခဲ့သော
ရင်ရဲ့အနက်ရှိုင်းဆုံးကအသံတသံ
စိတ်မပါတဲ့စိတ်တခုနဲ့ယောတိယောယောင်
သံစဉ်တွေနဲ့ပျော်ပါးလို့

အလိုမတူပါပဲနက်ခဲ့ရတဲ့ညဉ့်နက်နက်များ
တန်ရာတန်ကြေးများ မတန်ရာမတန်ကြေးများ
ခံစားချက်ဟာအဲဒီမှာ..ဆုံးပြီးသား
ဒါမှမဟုတ်..ဆုံးပြီးသွား

ရုံးရင်းနစ်မယ့်အစား
မရုံးပဲနစ်ဖို့
စိတ်တွေကိုအလိုလိုက်ခဲ့ပစ်လိုက်

မပြောပါနဲ့တော့မဟောပါနဲ့တော့
ပန်းကြွေတခုရဲ့ရာဇဝင်ကို
အကြွေခံဖို့ဆန္ဒမပါဘဲ
အချိန်ကျကြွေပြရဖို့အတွက်
ကံတရားတခုကိုထမ်းပိုးလာခဲ့ပြီးနောက်
ရဲရင့်စွာကြွေပြခဲ့ပြီးပြီ……။။။

အမရာ

In: ကဗျာ Posted By: Date: Aug 9, 2010
Comment #1

သြော် ပန်းကြွေတစ်ပွင့် ရောက်ခါမှ
ကြုံလာတဲ့ အဖြစ်အပျက်ကို ရင်ကော့ ခံရင်း
ဘဝကို ဆက်လျှောက်နေရတဲ့ဘဝတစ်ခုကို
မည်သူမဆို တွေးကြည့်လိုက်ရင်
ဆို့နင့်နင့်နဲ့ ခံစားသွားမှာ သေချာတယ်
ပန်းခြောက်လည်း အဖိုးတန်ဖို့
ပန်းတိုင်းလည်း ပန်းခြောက်ဖြစ်တတ်ကြတာ
ဓမ္မတာပါ ဗျာ .

commentinfo By: barnay at Aug 9, 2010
Comment #2

ကဗျာလေးကောင်းတယ် မ “ရာ”..

commentinfo By: ဖြိုးဖြိုး at Aug 10, 2010
Comment #3

သဘာဝအတိုင်း ရဲရဲရင့်ရင့်တင်ပြဖွဲနွဲထားတာလေး အရမ်းနှစ်သက်မိပါတယ်။ ကဗျာရဲ့ခေါင်းစဉ်ကို အကြွေပန်းတစ်ပွင့်ရဲ့ ရာဇ၀င် လို့ပေးရင် ပိုကောင်းမလားပဲဆိုပြီးလည်း အတွေးတစ်ခုဝင်လာတယ်…

commentinfo By: ခွန်ဆားဗွာ at Aug 10, 2010
Comment #4

အတွေးစပေးနိုင်တဲ့ ကဗျာလေးပါ..
နှစ်သက်မိပါတယ်

commentinfo By: Cho at Aug 11, 2010
Comment #5

ကဗျာလေးအရမ်းကောင်းပါတယ်ဗျာ…..ဆက်လက်ပြီးပိုကောင်းတဲ့ကဗျာလေးတွေရေးနိုင်ပါစေ……

commentinfo By: moehtetaung18 at Oct 28, 2010
Comment #6

ပန်းကြွေတခုရဲ့ရာဇဝင်ကို
အကြွေခံဖို့ဆန္ဒမပါဘဲ
အချိန်ကျကြွေပြရဖို့အတွက်
ကံတရားတခုကိုထမ်းပိုးလာခဲ့ပြီးနောက်
ရဲရင့်စွာကြွေပြခဲ့ပြီးပြီ……။။။

commentinfo By: May Kha at Dec 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment