Professional Authors

ကိုယ့်အပြစ်နဲ့သာ နာကျည်းသည်

ဆန္ဒတွေ ပြိုပြိုလဲရတယ်

ဘ၀ကို ပြေးရင်းလွှားရင်း

ခဏ ခဏ စဉ်းစားလည်း

ဖြစ်ချင်တာတွေ အငွေ့ပျံလို့

လူလို့တောင် မသတ်မှတ်ရဲအောင်

ခေါင်းကိုငုံ့ထား ၊ မာနတွေသိမ်း ၊ ပြောသမျှတွေလှိမ့်ပိန့်ခံ

ဘယ်တော့ ကျွတ်မယ်မှန်မသိ

ဒီဝဋ်ကြီးကို နားကျည်းသည် ။

 

အနမ်းအကြောင်း မသိ

ချစ်နေလွမ်းနေရင်းဖြင့်

ခဏ ခဏ တွေးမိတယ်

အကြင်နာဆိုတာ ငါနဲ့မသက်ဆိုင်လို့်

ကိုယ့်ကိုကိုယ် လက်ညိုးထိုးအပစ်တင်မိတယ်

မင်းလူညံ့ ၊ မင်းငတုံး ၊ ပြောသမျှလှိမ့်ပိန့်ခံလို့

ဘယ်တော့ရမယ်မှန်မသိ

ဒီအကြင်နာတွေကို နာကျည်းပါသည် ။

 

 

 

 

 

In: ကဗျာ Posted By: Date: Oct 19, 2011
Comment #1

နာကျည်းမှုအငွေ့အသက်တွေနဲ့ ကဗျာလေး ခံစားအားပေးသွားပါတယ် ။

commentinfo By: X - ray at Oct 19, 2011
Comment #2

same to u.

commentinfo By: ei lay at Oct 19, 2011
Comment #3

လုလင် လည်း အားပေးသွားသည်

Comment #4

အနမ်းအကြောင်း မသိ

ချစ်နေလွမ်းနေရင်းဖြင့်

ခဏ ခဏ တွေးမိတယ်

အကြင်နာဆိုတာ ငါနဲ့မသက်ဆိုင်လို့်

ကိုယ့်ကိုကိုယ် လက်ညိုးထိုးအပစ်တင်မိတယ်

မင်းလူညံ့ ၊ မင်းငတုံး ၊ ပြောသမျှလှိမ့်ပိန့်ခံလို့

ဘယ်တော့ရမယ်မှန်မသိ

ဒီအကြင်နာတွေကို နာကျည်းပါသည် ။

မိုက်တယ်ဗျာ
အားပေးပါတယ်

commentinfo By: mgchannaye at Oct 20, 2011
Comment #5

koh a pyit ne ko pe lay,,,
chit lun dot le pyit hmar pop lay,,,
be thu ko hma ma nar kyee par bu,,,
koh ye phyu sin de a chit tway a twat gone taung u tay de,,,he,,he,,

commentinfo By: ei lay at Jan 3, 2012
Comment #6

ပြောသမျှတွေ လှမ့်ပိန့်ခံ နေရပါတယ်ဗျာ….

commentinfo By: ကျော်ငြိမ်းအောင် at Jun 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment