Professional Authors

ခေါက်ရိုးကျိုးငြီးငွေ့ခြင်း

မျက်လုံးဖွင့် နိုးထတော့…
ခေါက်ရိုးကျိုးနေ့သစ် အစပြုပြီလေ…
မြင်နေကျမျက်နှာတွေနဲ့ ပြောနေကျစကားတွေ…
ပြောပြီး ရစ်ဖွဲ့ရောထွေးနေမိတယ်…
မရိုးနိုင်တဲ့ ကိစ္စတွေ အလုပ်တွေ…
နိစ္စဓူဝလုပ်ရင်း ငြီးငွေ့လှပြီ…
ရေးရေးလေး သဘောပေါက်မိပြီ…
သံသရာစက်ဝန်းမှာ ထွက်ပေါက်မဲ့နေပြီပဲ…
တွေးရင်းတောင် နှလုံးသွေးရပ်တန့်မတတ်ပဲ…
တစ်ခါတစ်လေ ဖောက်ထွက်
လွတ်မြောက်သွားချင်တယ် တစ်နေရာရာကိုပေါ့..
ဒီတော့ ဖြစ်ချင်လုပ်ချင်တာတွေ အတွက်
ဘာတွေ စတေးပေးရမလဲ…
ငါတို့တွေအတွက် လိုအပ်နေတာ
အပြောင်းအလဲ ‘အသစ်’တစ်ခုပေါ့…
အိပ်မက်အသစ် စိတ်ကူးအသစ်
နှလုံးသားအသစ်နဲ့ ဘ၀အသစ်တွေ
ဖန်တီးပြီး လောကအသစ်မှာ
နေထိုင်ချင်တယ်…
မွန်းကျပ်ငြီးငွေ့ဖွယ်ကောင်းတဲ့
ခေါက်ရိုးကျိုးနေ့တွေဆီကနေ လွတ်မြောက်ချင်ပြီ…
ကုန်ကုန်ပြောမယ်ဗျာ…
ဒီနေ့ငါနဲ့ မနက်ဖြန်ငါ
အသက်ရှုတာတောင် လေသံကွဲချင်တယ်။

In: ကဗျာ Posted By: Date: Feb 5, 2012
Comment #1

အားပေးသွားပါတယ်..ကိုဒီမွန်ရေ
ကဗျာကောင်းလေးကိုဖတ်လိုက်ရတဲ့အတွက်
အားရှိသွားပါတယ်
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Feb 5, 2012
Comment #2

မွန်းကျပ်ငြီးငွေ့ဖွယ်ကောင်းတဲ့
ခေါက်ရိုးကျိုးနေ့တွေဆီကနေ လွတ်မြောက်ချင်ပြီ

commentinfo By: kantkawmg at Feb 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment