Professional Authors

အသည်းခွဲ လေဒီ

နုတ်ကြောင့်သေ
လက်ကြောင့်ကြေ…..
လှလိုက်တဲ့ စကားပုံဗျာ
ဘ၀ကို ပုံ
စိတ်တွေကို အပ်
အချိန်တွေကို
နှံထားခဲ့တဲ့ ကျွန်တော်လေ
အခုတော့
ရင်ဘက်ကြီးကို ကိုင်
ကိုယ့် ဒဏ်ရာကို ကိုယ်အုပ်
အပူရုပ်နဲ့ လူလုပ်နေရချေပြီ
အသည်းကကွဲ နေပြီ…….
ဘာနဲ့ မှ မခွဲ
ပါးစပ်ကလေး နဲ့ပဲပြောသွားတာလေ…..
နင့်ကို ငါ………………….တဲ့
ဘယ်လောက်ချစ်ခဲ့ရလို့လဲတဲ့
သူငယ်ချင်းတွေက မေးတယ်…..
ကျွန်တော်မှာ အဖြေမရှိ
တိုင်းတာရန် ပေတံမရှိ
လောလောလပ်လပ်
သူမကြောင့် ချောင်နေတဲ့
ကျွန်တော့် ဦးနှောက်ရယ်
ကွဲနေတဲ့ ကျွန်တော့်အသည်းရယ်က
သက်သေဖြစ်မယ်ထင်ပါ့
သူမကို ဘ၀ထင်
လက်တွဲ မယ်လို့
အကြိမ်ကြိမ်ပြော
မင်းစိတ်နဲ့ငါ မောခဲ့ဘူးတယ်
အဲ့ဒီအမောကို ငါကျေနပ်တယ်
အချစ်ဇောလေ
ငါတပ်မက်တယ်
ဒါပေမယ့်
ငါ့နားက နေတော့
ထွက်သွားမယ့်စကားမျိုး
ထွက်သွားမယ့်
အရိပ်အယောင်မျိုးကတော့
နင်ငါ့ရဲ့ အသည်းကို
အပ်မီးကင် နဲ့ ထိုးနေသလို ပါပဲဟာ…..
ငါလေ ငါ့အပြစ်
ငါ့အမှားငါ့အာဃာတတွေကို
ငါ ခ၀ါချပါမယ်…….
အရင်လို ဆိုတဲ့
စကားလေးတစ်ခွန်းအတွက်ပါ……….
ငါလေနင့်ကို……………………။

In: ကဗျာ Posted By: Date: Oct 13, 2011
Comment #1

နင်ငါ့ရဲ့ အသည်းကို
အပ်မီးကင် နဲ့ ထိုးနေသလို ပါပဲဟာ…..
ငါလေ ငါ့အပြစ်
ငါ့အမှားငါ့အာဃာတတွေကို
ငါ ခ၀ါချပါမယ်…….
အရင်လို ဆိုတဲ့
စကားလေးတစ်ခွန်းအတွက်ပါ……….

Comment #2

really really nice.

commentinfo By: ei lay at Oct 27, 2011
Comment #3

သူမကြောင့် ချောင်နေတဲ့
ကျွန်တော့် ဦးနှောက်ရယ်
ကွဲနေတဲ့ ကျွန်တော့်အသည်းရယ်က
သက်သေဖြစ်မယ်ထင်

ထပ်တူထပ်မျှခံစားအားပေးသွားပါတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Apr 17, 2012
Comment #4

really nice poem.

commentinfo By: ei lay at Apr 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment