Professional Authors

်ဖြတ်စာ

      ဖြတ်စာ
အနားမှာရှိရင် မကြားချင်ပဲ ငါ
ကြားနေရမယ် မင်းအသံဆိုးတွေ
သွားကွာ သွားပါ ငါနဲ့ဝေးရာ
အတ္တကြီးတဲ့မင်းလို မိန်းမမျိုးက
သနားပါ သနားပါ ထားရာနေမှာ
ကစားစရာအဖြစ်သာ သဘောသာထားပါ
ထပ်ကာဆက်ကာ ပြောကာနေလည်း
မထူးလာ မထူးပါ ငါ့ရင်ထဲမှာ
ဒိုးကွာ ဒိုးပါ ငါ့နားက
အနားက အနားက အနားက……
သနားစရာတိုင်းကို အနားမှာထားရင်
ကားကာသွားမယ် ငါ့နားနှစ်ဖက်
နား၊ရင် ထဲမှာဆံ့တဲ့မင်းစကားလုံးတွေ
ထပ်ကာ ဆက်ကာပြောကာနေလည်း
မထူးလာ မထူးပါ ငါ့ရင်ထဲမှာ
ဒိုးကွာ ဒိုးပါ ငါ့နားက
အနားက အနားက အနားက……
အတ္တရိုးတွေ မင်းကိုယ်ထဲမှာ စိုက်ကာထိုးထား
ပြုတ်မနူးတဲ့ငါးလိုမျိုးကွာ စားရင်စူးမှာ
စားရင်စူးမှာ စားရင်စူးမှာ…….
တော်ပြီမထားဘူး
သွားလိုရာသွား သွားလိုရာသွား
မှတ်ချက်….
ကျွန်ုပ်အနားကို ပြန်လာခွင့်ရာသက်ပန်
ပိတ်ပင်တားမြစ်သည်။။။

In: ကဗျာ Posted By: Date: May 19, 2011
Comment #1

ဟစ်ဟော့ စာသားလား မှတ်ရတယ် နေ့သစ်ရေ …အားပေးသွားတယ်ဗျာ

Comment #2

ဟုတ်ကဲ့ ရေးတုန်းကတော့ သီချင်းပဲ
သိတယ်မဟုတ်လား….ပညာသင် လက်သမားတစ်ယောက်လိုပေါ့
စလုပ်တော့သေတ္တာ…..လုပ်နေရင်းတစ်ဆင့်လျော့ …လျော့လျော့သွားလိုက်တာ
နောက်ဆုံးမှာ ကြက်ချေခတ်ပုံစံ သစ်သားနှစ်ချောင်းပဲဖြစ်ပြီးကျန်ခဲ့
အဲ့ဒီတော့ လေထဲမှာ ကိုလွှတ်အပစ် ၀ှီးလို့မြည်သွားတယ်…….
ကြားဖူးမယ်ထင်ပါတယ် အကျယ်ချဲ့မပြောတော့ပါဘူး
နောက်ဆုံးတော့ နောက်ဆုံးတော့ နောက်ဆုံးတော့ ။။။။။။

commentinfo By: nate thit(နေ့သစ်) at May 23, 2011
Comment #3

အမယ်လေး… အစ်ကိုလေးရယ် .ရေးမဲ့ရေးတော့လဲ တယ်လန်းပါလား
သံစဉ်တွေထည့်ပြီး music လုပ်ပလိုက်ပါ…. 😀

commentinfo By: ရွှေငါး at May 30, 2011
Comment #4

ပြောပါကောလား…..ရေးတုန်းက သီချင်းပါဆို….
နောက်တော့ ……..နောက်ပြီးတော့ ….နောက်ပြီးတော့လေ…..
ဟီးးးးးးးးးးး……..မပြောတက်တော့ဘူး……

commentinfo By: nate thit(နေ့သစ်) at Jun 2, 2011
Comment #5

ဖတ်ရင်း ဖတ်ရင်း ထပဲ ကရမလိုလို …..လိုက်ပဲ အော်ရမလိုလို…ဟီး။

အားပေးသွားတယ် ဒီနည်းနဲ့ ဖြတ်စာရေှးရမှာပေါ့နော်…..ပြတ်မှာ သေချာတယ်….

commentinfo By: မယ်မနော at Jul 29, 2011
Comment #6

အင်း… ဘယ်တုန်းကမှ မထားဘူးတဲ့ ချစ်သူကို ရှိသလိုလိုနဲ့ ခံစားရေးတာဆိုတော့
့ ထိမိအောင်ရေးဖို့ နဲနဲတော့ ခက်တယ်လေ….

commentinfo By: nate thit(နေ့သစ်) at Aug 26, 2011
Comment #7

ကြော်ငြာလားဗျာ..ဘာပဲဖြစ်ဖြစ်အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Aug 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment