Professional Authors

အသည်းခွဲသူ ငိုပွဲ – (၂)

မဖြစ်နိုင်ဘူးဆိုတာ

သိရက်နဲ့တော့

ဒီလမ်းကို ကျွန်မ ရှေ့မဆက်နိုင်ခဲ့ဘူး မောင်

 

ဒါဟာ သတ္တိဆိုတာ နဲ့

နည်းနည်းမှမဆိုင်တာကိုလည်း

နားလည်ပေးပါ – မောင်

 

အမျိုးဂုဏ် ဇာတိဂုဏ်တဲ့

ထိန်းသိမ်းရမယ့် တာဝန်

ကျွန်မ ထမ်းဆောင်တာကိုလည်း 

အသိအမှတ်ပြုလိုက်ပါ – မောင်

 

ဘယ်တော့မှခွဲမသွားပါဘူးဆိုတာ

ဟိုးရှေးရှေးတုန်းကတည်းက

ဆိုရိုးသဲ့သဲ့တောင် မရှိခဲ့ပါဘူး

 

လူဆိုတာ ဘယ်လို ဘာသာမျိုးမှာဖြစ်ဖြစ်

သေရင် ခွဲရမှာချည်းပဲမို့ 

ရှင်ခွဲတွေလည်း

ဒုနဲ့ဒေး

ဒီဇာတ်လမ်းမှာ

နာကျင်မှုဆိုတာ ကျွန်မနဲ့ အထိုက်တန်ဆုံးပါ – မောင်

 

ဒီလိုညတွေကိုပွေ့ပိုက်လို့ 

မျက်ရည်စို့တိုင်းလည်း

ကျွန်မ မောင့်အမုန်းတွေကိုသာထမ်းလို့ 

ကမ္ဘာပတ်ဦးမယ့် သူပါ 

ကျေးဇူးပြု၍  ကျွန်မ ကို မုန်းဖြစ်အောင်မုန်းပါ

 

မငိုပါဘူးလို့ 

ပြောတာတွေကိုလည်း ယုံ

ဒီတသက်မှာ အချစ်ဖျက်သူစာရင်းမှာ

ထာဝရထည့်သွင်း

ကျွန်မ ကို နာဖြစ်အောင်လည်း နာပါ

 

နေတခြမ်း လတခြမ်း ကဗျာတွေနဲ့

ဘ၀လမ်းပေါ် 

တကယ်တမ်း တက်ဖို့ ခဲယဉ်းလွန်းတာမို့ 

မှတ်တိုင် တခုမှာ ဆုံခဲ့ကြတယ်တွေး

လမ်းခွဲဖို့ လည်း ရဲရင့်စမ်းပါ – မောင်

 

ကဲ

ဒီကဗျာအဆုံးမှာ

ကျွန်မ မောင့်အမုန်းတွေပွေ့ပိုက်လို့ 

အရှုံးမှန်သမျှကိုလည်း  ကျွန်မ အတွက် သာ ထားခဲ့ပါ

 

မလွမ်းတတ်သူ

နေနိုင်သူ

ရက်စက်သူ …. စသဖြင့်..စသဖြင့်သော

ဂုဏ်ဒြပ်တွေနဲ့

ကျွန်မ – လမ်းခွဲတခုအတွက် ရဲရင့်လိုက်ပါပြီ

 

(1)(2)(3)ကဒ်

ဒီလိုနဲ့

ဒီဇာတ်လမ်းတွေ ဖျက်ရင်း

ကျွန်မ မပါဝင်တဲ့ ဘ၀လမ်းမှာ

ပျော်ရွှင်လိုက်စမ်းပါ

 

ဘာသာကွဲတွေနဲ့ ဆုံစည်းဖို့ 

ကျွန်မ သွေးတွေ ရဲခဲ့လွန်းတာမို့ 

 

ဒီနေရာမှာတင် လမ်းဆုံးကြပြီ မောင်

 

ချစ်တဲ့ သူတိုင်း ဆုံစည်းရမယ်လို့ 

ဘယ်ဘုရားမှမဟောခဲ့တာမို့ 

လက်ပြနှုတ်ဆက်ခွင့်တွေလည်း

ရှောင်ကြဉ်ကြရင်း ငိုသံတွေကို လျစ်လျူရှုလိုက်ကြပါစို့

 

လောကဓံဆိုတာ တခါတရံဆိုတာထက် ပိုခါးသီးတတ်ပါတယ်-မောင်

In: ကဗျာ Posted By: Date: Sep 22, 2012
Comment #1

မိုက်တယ်ဗျာ… တစ်ပုဒ်လုံးဖတ်ပြီး တစ်မနက်လုံး စိတ်မကောင်းဖြစ်မိတယ်.. ဟုတ်ပါတယ် မ ဆိုတဲ့ မတွေကလူဆိုးလေးတွေပါ… ချစ်တတ်အောင် သင်ပေးတယ်…. လွမ်းတတ်အောင် လဲ လုပ်တယ်… တကယ့်ကို အပြစ်မရှိတဲ့လူဆိုးလေးတွေပါ….

ရင်နဲ့ရင်း၍ဖတ်ခဲ့ပါတယ်… ကဗျာအသစ်တွေကို ဆက်လက်ရေးနိုင်ပါစေဗျာ….

commentinfo By: မင်းကိုချစ်တဲ့သူ at Sep 22, 2012
Comment #2

လောကဓံဆိုတာ တခါတရံဆိုတာထက် ပိုခါးသီးတတ်ပါတယ်

Right

commentinfo By: SimpleSimplest at Sep 22, 2012
Comment #3

အားပေးသွားပါတယ်ရှင်

commentinfo By: maypyo.pyomay at Sep 23, 2012
Comment #4

ဟာ….ဟူးးးးးးးးးး မလွယ်ဘူး…..
မမိုးကဗျာဖတ်လိုက်ပြီး…လူက..နွမ်းသွားတာပဲ….ဟဲဟဲ
မမိုး…ခံစားအားပေးသွားပါတယ်…

commentinfo By: poem.poem28 at Sep 24, 2012
Comment #5

အမလေး….ဒီတစ်ပုဒ်နဲ့ပါဆိုတော့ သေပြီဗျာ…. ဒီနေ့ မမိုးနှိပ်စက်တာများသွားတယ် ပိုက်ဆံတွေလဲကုန်ပြီ မျက်ရိုးတွေလည်းကိုက်ပြီ..။ ဘဲဘဲဖြစ်ဖြစ် ကံကောင်းသဗျ..ကဗျာကောင်းလေးတွေဖတ်ရတယ်..။

commentinfo By: 13th at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment