Professional Authors

မိုးလင်းခဲ့တဲ့ နောက်တစ်နေ့

လောကကြီးလား..
သူ့အလုပ်သူလုပ်နေပါတယ်
ဘ၀ဟာ ပြဌာန်းခံမဟုတ်ဘူးဆိုလည်း
အားနာပါတယ်
ခင်ဗျားအသိတွေ မှန်မမှန်
ကျွန်တော်အသိတွေ မှန်မမှန်
သက်ပြင်းခါးခါးမျိုချပြီးမှ ဆက်ပြောကြတာပေါ့ ။
အိုကေ…
ဒီအချိန်က တိုတိုလေး
ခင်ဗျားနာရီ ခဏငှားပါ
ကျွန်တော့်အချိန်တွေတော့ ငှက်တွေဖြစ်ကုန်ပြီ
ညီလေးရေ…ဘီယာတစ်ခွက်။
ဆက်ပြောရရင်တော့ဗျာ
အဲ့ဒီညက…အင်း
အဲ့ဒီညက
မိုးလင်းဖို့ထိုင်မစောင့်ခဲ့ကြဘူး
ဒါပေမယ့်
 နောက်တစ်နေ့မှာတော့ တကယ်ပဲမိုးလင်းခဲ့ပါတယ်ဗျာ ။

In: ကဗျာ Posted By: Date: Oct 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment