Professional Authors

ဆွေးသူ့အိမ်

ဆွေးသူ့အိမ်သည်

ကဗျာဖြင့်ဖွဲ့၏ ။

 

ငြိုးသူ့ မျက်ဝန်းသည်

မိုးကြိုးသို့ ထက်၏ ။

 

ထို့ကြောင့်ပင်

မိုးညိုညိုသည်

တမြေ့မြေ့ ငို၏  

 

မိုးစဲနေရောင်တွင်

ငါ့အလွမ်းဖြင့် ယက်လုပ်သော

သက်တန့်သည်

သူမအား

တဒင်္ဂ ပျော်ရွှင်စေ ။ 

In: ကဗျာ Posted By: Date: Oct 9, 2011
Comment #1

ကိုသိန်းဇော်တို့ ကိုငှက်တို့ရဲ့ အရိပ်အငွေ့ တွေနဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ..
အဖွဲ့ လေးကတော်တော်လှပါ၏..။

commentinfo By: phyowai at Oct 9, 2011
Comment #2

မိုးစဲနေရောင်တွင်

ငါ့အလွမ်းဖြင့် ယက်လုပ်သော

သက်တန့်သည်

သူမအား

တဒင်္ဂ ပျော်ရွှင်စေ ။ ။

Comment #3

ဟုတ်ပါတယ်ဗျာ
ကိုငှက်ရဲ့ အသုံးအနှုန်းလေးတွေ နဲ့ ရေးထားတာပါ
ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ

commentinfo By: mgchannaye at Nov 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment