Professional Authors

အိမ်ပြန်ဖို့ ကားခချန်ထားကြဦး…ဟောင်းလောင်းပွင့် သူငယ်ချင်းတွေရဲ့အတင်း L.P အရေးသားတွေပေလို့-ရွှေကြယ်မိုး

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

ကျောင်းဖွင့်ဖွင့် ကျောင်းပိတ်ပိတ် ဗိုက်ဟောင်းလောင်း ရင်ဘတ်ဟောင်းလောင်းပဲ

မနက်လင်းလာတယ် နေ၀င်သွားတယ် တစ်ရက်ပြီးတစ်ရက် …အားလုံးပဲ ဟောင်းလောင်းပွင့်

အိမ်မှာနေရင် တစ်ယောက်တည်း ဟောင်းလောင်းပွင့်…ကျောင်းဖွင့်ရင်တော့ မေဂျာတူ ကဗျာဆရာနှစ်ယောက်နဲ့ အတူတူဟောင်းလောင်းပွင့်…မိတ်ဆွေတွေက အများကြီးပဲ …

အဲ့ဒီ့အများကြီးထဲမှာ အဲ့ဒီ့နှစ်ယောက်နဲ့ ပေါင်းသင်း နိုင်ငံရေးလုပ် စာအုပ်ထုတ် ရန်ဖြစ်

ထမင်းစားချိန်ရောက်ရင် သုံးယောက်သား ၀မ်းဗိုက်တွေ ဟောင်းလောင်းတွေပွင့်ကြ…

ရင်ဘတ်တွေဟောင်းလောင်းပွင့်ရင် တစ်ယောက်ယောက်က ကူညီနိုင်ပေမယ့်

ဒီလို ၀မ်းဗိုက်ကိစ္စကြတော့ အကုန်လုံး အငတ်နေပဲ

အေးကွာ…ငါက ဒလက လာရတာ အိမ်က ရှစ်ရာပဲ ပေးတယ် လို့ပြောရင်

လင်းညီညာဆိုတဲ့ ကဗျာဆရာက ငါလဲ ဘာထူးလဲ အခုတောင် အဖေ့အိပ်ထဲက

တစ်ထောင်နှိုက်ပြီး မနက်အစောကြီးလစ်လာရတာ …သော်တာနေဆိုတဲ့ ကဗျာဆရာကလည်း

အားမနာတမ်းဝင်ပြောမယ်…ငါ့ အိမ်က ငွေပို့ရင် စာအုပ်လုပ်ဖို့ကော မင်းတို့စားဖို့ပါ အဆင်ပြေမှာကွ

ဒီကောင်ပြဿနာကောင်ပဲ ရလာရင် ကျောင်းမပါလာဘူး တစ်ညလုံးဖဲထိုင်ချတဲ့ကောင်

မထူးတော့ဘူး ထုံးစံအတိုင်း အနှိုင်းမဲ့ကို သွားထိုင် မုန့်ဟင်းခါး သုံးရာတန်တစ်ပွဲမှာ

ထမင်းသုံးရာဖိုးမှာ စားကြ…ကဗျာအကြောင်းပြောကြ …ကောင်မလေးတွေကြည့်ကြ

စိတ်ကို အာသာဖြေကြပြန်…ဆိုင်ထဲဝင်ရင် ဆရာတွေက ကွက်ကြည့်ကွက်ကြည့်

ငါတို့ကို တကယ့်ပြဿနာကောင်တွေတဲ့လေ…အေးလေ ငါတို့ကလည်း စာပေ ဂီတ အရက်

နိုင်ငံရေး လုပ်လိုက်ရင် ပြဿနာချည်းပဲ…စာအုပ်က ထုတ်ချင်တယ် အကြွေးတောင် မဆပ်နိုင်ဘူး

အဲ့လို ပြောကြရင်း ဆိုင်ဘေးကိုကြည့်ကြ… ဟိုဘက်ဆိုင်က ကဗျာဆရာမကျ ဘာမကျ ဟိန်းအောင်ကို

လက်ပြမယ်…ဆရာတွေကို ရယ်ပြမယ် …လစ်ရင် စီးကရက် ၀ယ်မယ် …ကစ်မယ်…ဖွါမယ်…

စာအုပ်တွေ ထုတ်ဖြစ်ရင် မျက်နှာပြောင်တိုက်ပြီး ကောင်မလေးတွေကြား အတင်းဝင်ရောင်းမယ်

ပြီးရင်တော့ နောက်ပြဿနာနောက်ထား အဲ့နေ့မှာ  ထမင်းကောင်းကောင်း စားကြတော့တာပဲ

ဟေ့ကောင်  ထက်ထက်ဝေကို ပြန်လိုက်ပါလား ဆိုပြီး သော်တာနေက စနေကျ

ဒါဆို ငါတို့ စာအုပ်ထုတ်ဖို့ အဆင်ပြေနိုင်တယ် ဆိုပြီး လင်းညီညာက ၀င်နောက်ချင်နောက်မယ်

သူ့ခမျာ ငါနဲ့ ဘာမှဆိုင်တော့တာမဟုတ်…ဒါတောင် စာအုပ်ရောင်းတိုင်း ၀ယ်တဲ့ဖောက်သည်စားရင်းမှာ

ထိပ်ဆုံးက ပါနေသေးတယ်…ငါ မနေတတ်ဘူး မင်တို့ကောင်တွေ တော်ကြတော့ဟ (အဲ့လို တစ်ခန်းရပ်)

နိုင်ငံရေး နဲ့ ပတ်သက်ရင် ငါက ခေါင်းထောင်တယ် အရက်နဲ့ ပတ်သက်ရင် လင်းညီညာ ခေါင်းထောင်တယ်

 မိန်းမနဲ့ ပတ်သက်ရင် သော်တာနေချည်းပဲ…ငါတို့ရဲ့ ဟောင်းလောင်းပွင့် ဘ၀တွေမှာ ကျောင်းသူတွေဆိုတာ

ခဏပါပဲ…ပိုက်ဆံမရှိ…ဆေးလိပ်လေးသောက် …ရေနွေးကြမ်းသောက်…ကားခပြန်ချန်ထား နဲ့ သူတို့ကို

ကျွေးဖို့…ရှုခင်းသာသွားဖို့ …တိုင်းရင်းသားကျေးရွာသွားဖို့ ဘ၀က မွေးမှမမွေးခဲ့ပဲ…ကဲ…ကဲ ဒီအချိန်မှာ

ဒီလိုပုံစံမျိုးနဲ့ မင်းတို့ရှင်သန်နေဦးမှာပဲ ကျောင်းပြန်မဖွင့်သေးတော့ တစ်ကိုယ်စီ ဟောင်းလောင်းပွင့်နေမှာပါပဲ

အပြင်မှာက ပိုက်ဆံချေးဖို့ မလွယ်ဘူး…စိတ်လိုက်မာန်ပါ မလုပ်ကြနဲ့ အိမ်ပြန်ဖို့ ကားခချန်ထားကြဦး…

                                                                                                                                    ရွှေ ကြယ် မိုး

In: ကဗျာ Posted By: Date: Nov 2, 2012
Comment #1

🙂

commentinfo By: ei lay at Nov 2, 2012
Comment #2

……………..

commentinfo By: SoFarAwayFromU at Nov 2, 2012
Comment #3

|)

commentinfo By: နတ်သမီး at Nov 5, 2012
Comment #4

(^ – ^) 😛

commentinfo By: May Kha at Nov 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment