Professional Authors

မနက်ခင်း သြ၀ါဒ

တိမ်တွေကို ကြည့်ပါ
လယ်ကွင်းတွေကို ကြည့်ပါ
ပြတင်းပေါက်ရှိတဲ့အိမ်မှာ နေပါ။

လက်ဖက်ရည်ဆိုင်ထိုင်ပါ
ဘ၀ကို တစ်ငုံစီ သောက်ပါ
သီချင်းတွေနဲ့ ရန်မဖြစ်ပါနဲ့။

ဖြတ်သွားဖြတ်လာတွေကို ငေးမော
ရာဇ၀င်ကို ငေးမော
မိမိကိုယ်မိမိ ငေးမောပေါ့။

နေရောင်ခြည် နောက်ကျတတ်တယ်
သတင်းစာ နောက်ကျတတ်တယ်
ချိန်းထားတဲ့ သူဟာလည်း…
နောက်ကျတတ်တာပါပဲ။

In: ကဗျာ,သစ္စာနီ Posted By: Date: Oct 7, 2011
Comment #1

အရမ်းကြိုက်ပါတယ်…

commentinfo By: lapannai at Jun 13, 2012
Comment #2

လက်ဖက်ရည်ဆိုင်ထိုင်ပါ
ဘ၀ကို တစ်ငုံစီ သောက်ပါ
သီချင်းတွေနဲ့ ရန်မဖြစ်ပါနဲ့။

commentinfo By: maypyo22889 at Dec 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment