Professional Authors

မနက်ခင်းသြဝါဒ

တိမ်တွေကိုကြည့်ပါ
လယ်ကွင်းတွေကိုကြည့်ပါ
ပြတင်းပေါက်ရှိတဲ့အိမ်မှာနေပါ

လဘက်ရည်ဆိုင်ထိုင်ပါ
ဘဝကို တစ်ငုံစီသောက်ပါ
သီချင်းတွေနဲ့ရန်မဖြစ်ပါနဲ့

ဖြတ်သွားဖြတ်လာတွေကိုငေးပါ…
ရာဇဝင်ကိုငေးမော
မိမိကိုယ်ကို ငေးမောပေါ့။

နေရောင်ခြည်နောက်ကျတတ် တယ်
သတင်းစာနောက်ကျတတ်တယ်
ချိန်းထားတဲ့သူဟာလဲ….
နောက်ကျတတ်တာပါပဲ

In: ကဗျာ,သစ္စာနီ Posted By: Date: Jul 3, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment