Professional Authors

သည်တစ်ယောက်သာ……..

ဘယ်ရှေးဘ၀  ရေစက်ရယ်ကြောင့်

မြင်မြင်ချင်းလျင် ရင်တွင်လှုပ်ခတ်

သည်းအူပြတ်မျှ  မြတ်နိုးချစ်မိ….။

မြင် စ ကပင် နှလုံးသားတွင်

ကျောက်ထက်ထွင်းသို့  စွဲထင်ရစ်သည့်

ပုံရိပ်ရှင်အား တစ်ခဏပင်မျှ.

မေ့ဖျောက်မရ  ရင်တွင်ငုံ၍

မခွဲမကွာ စောင့်ရှောက်ချင်မိ…။

နှလုံးသားအား နာကျင်စေအောင်

အခါခါပင် ငြိုငြင်ရက်သူ

ချစ်မိသူအား  မြူတစ်မှုန်ပင်

ပြစ်မမြင်ရက် မေတ္တာကြိုးသာ

ထပ်ထပ်ရစ်လျက် ခွင့်လွတ်လျက်ပါ

သည်တစ်သက်တွင် သည်တစ်ယောက်သာ

နှလုံးသားရင်း ချစ်ခဲ့ မိ၍

မဆုံနိုင်လည်း အသည်းကြွေပြီး

အသက်ခန္စာ ကြွေပျက်သွားသည့်

ဆုံးတစ်နေ့ တိုင်  ထပ်ထပ်တိုးလို့ 

ချစ်မြတ်နိုးမည်….သည်တစ်ယောက်သာ…..။

In: ကဗျာ Posted By: Date: Oct 6, 2011
Comment #1

ကဗျာလေး က လှတယ်ဗျ.. အားပေးသွားပါတယ်

Comment #2

အားပေးသွားတာ …ကျေးဇူးတင်ပါတယ်ဗျာ …

commentinfo By: Ah Wyne at Oct 7, 2011
Comment #3

ကဗျာလေး ကြိုက်လို့ ကူးယူသွားတယ်နော်

commentinfo By: nwe lay at Feb 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment