Professional Authors

လက်တွဲဖေါ်

ဒီမှာချစ်သူ
ငါပျံသန်းရမဲ့ ဘ၀ခရီး
မင်းရှိဖို့ လိုတယ်နော်

ငါဆင်နွှဲ ရမဲ့ ဘ၀တိုက်ပွဲ
ကြိုက်သလောက်ခဲယဉ်းစေ
မင်းလက်ကိုတွဲလို့ 
ခွန်အားသစ်တွေနဲ့  ငါဆင်နွှဲခြင်တယ်

ဒီမှာချစ်သူ
ငါပျံသန်းရမဲ့ ဘ၀ခရီး
မင်းမရှိရင်လေ……………..………….

ငါဆင်နွှဲရမဲ့ ဘ၀တိုက်ပွဲ
ငါလက်ကိုမတွဲရင်လေ………….……………

ဒါပေမဲ့ ချစ်သူ
မင်းရွေးချယ်ရခက်နေခဲ့ ရင်တော့ ထားလိုက်ပါ
မင်းအတွက်အဆင်မပြေရင်တော့ နေခဲ့ ပါ
အပြစ်မမြင်ရက် ငါ့ ကံကိုသာရိုးမယ်ဖွဲ့ လို့ 
နင်မရှိတော့ မဲ့ နေစွဲတွေကို
ငါ တစ်ယောက် ရင်ဆိုင်နိုင်ဖို့ မပြင်ဆင်ထားခဲ့ လဲ
ရင်ဆိုင်ပါမယ်ချစ်သူ
အလွမ်းတွေက ငါ့ ရဲ့ လက်တွဲဖေါ်ပဲပေါ့ 

In: ကဗျာ Posted By: Date: Mar 14, 2013
Comment #1

🙂

commentinfo By: ei lay at Mar 14, 2013
Comment #2

အလွမ်းတွေနဲ့………(အလွမ်းတွေက ငါ့ ရဲ့ လက်တွဲဖေါ်ပဲပေါ့ )…နင်မရှိရင်…….
ခံစားတတ်လွန်းလှပါသည်…….(

commentinfo By: bone lay htet lwint at Mar 15, 2013
Comment #3

အလွမ်းတွေက ငါ့ ရဲ့ လက်တွဲဖေါ်ပဲပေါ့ 
ခံစားတတ်တယ်နော်

commentinfo By: Phoo mhone at Mar 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment