Professional Authors

ရေခပ်မှားသူ

နွေရာသီ
ရေကုန်တွင်းထဲ
ရေဆင်းခပ်မိတာပါ ချစ်သူ…။

အချစ်ဆိုတာမရှိတဲ့
မင်းဘ၀ထဲကိုဝင်
အချစ်ကို ဒဿနဖွင့်ဆိုခဲ့တယ်…။

ရင်တွင်းက တည်မှီတဲ့ချစ်ခြင်း
သိုသိုသိပ်သိပ် ဖွင့်ဆိုခဲ့မိတာပါ…။

သစ်ရွက်ခြောက်ကို
ပန်းပန်ဖို့ ပေးခဲ့မိတာဆိုရင်တော့
ခွင့်လွှတ်ပေးပါ..။    ။

In: ကဗျာ Posted By: Date: May 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment