Professional Authors

လူငယ်

ခေတ်ကို မျက်ခြေမပြတ်ပါနဲ့
လမ်းသွား လမ်းလာတွေကို စောင့်ကြည့်ပါ
အိုင်တီကို လေ့လာပါ
(အလွဲသုံးစားတော့ မလုပ်မိပါစေနဲ့။)

ခေတ်က
ပျားရည်ဆမ်းခရီးတွေ များသလို
အဆိပ်လူးပန်းတွေကလည်း များတယ်
အထပ်မြှင့်မြှင့်တိုက်တွေ များသလို
(ပြုတ်ကျရင်)
တကိုယ်လုံးနစ်ဝင်သွားနိုင်တဲ့ မြေသားပျော့ပျော့တွေ များတယ်၊

ခေတ်က
မီးစတစ်ဘက် ရေမှုတ်တစ်ဘက်နဲ့ မိစ္ဆာတစ်ကောင်ပဲ၊

လောကကို စစ်တုရင်ကစားကွက်တစ်ခုလို မြင်ပါ
ကိုယ့်ကိုယ်ကို ဘုရင်နေရာက ထားကစားပါ
မင်းကျင့်တရား (၁၀) ပါးနဲ့လည်း ညီပါစေ။ ။

ဧဏီမင်း
16.02.2012

In: ကဗျာ Posted By: Date: Feb 17, 2012
Comment #1

ခေတ်က
ပျားရည်ဆမ်းခရီးတွေ များသလို
အဆိပ်လူးပန်းတွေကလည်း များတယ်

… မှန်ပါတယ် …

commentinfo By: kantkawmg at Feb 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment