Professional Authors

ဘင်္ဂလားပင်လယ်အော်ထဲက လေးဖြူ

လေဖိအားနည်းလား ရပ်ဝန်းလား                                                    

ငွေဖိအားနည်းရပ်ဝန်းလား

မုန်တိုင်းတွေသိပ်တိုက်လွန်းတော့လည်း

လေငြိမ်ချိန်တောင်ရှိသေးရဲ့လား….ကိုလေး

ဟိုတဖက်မှာ

မသန့်တဲ့ လိပ်ပြာကအတောင်ပံခတ်တော့

ဒီတဖက်မှာ

အားလုံးကစဥ့်ကလျား ဖြစ်ကုန်တာရောဆန်းသလား

မလုပ်နဲ့ …..ကိုလေး

ဘယ်လောက်ပဲ နှုတ်ပိတ်ထားထား

ခင်ဗျားရင်ဘတ်ကြီး ဟောင်းလောင်းပွင့်နေတာပဲ

ယုတ္တိမရှိတာတွေကို ယုတ္တိရှိဖို့ မွမ်းမံနေရင်း

လမ်းလယ်ခေါင်မှာ ရပ်နေရတာ

ခင်ဗျားတယောက်ထဲမှမဟုတ်တာပဲ ….ကိုလေး

လမ်းကမလန်းတော့တာ တခုပဲ

ဘယ်လိုမှ အဖြောင့်အတိုင်းသွားလို့မရလို့

သိလျက်သားနဲ့ ခံလိုက်ရတဲ့ ထောင့်ချိုးတွေလေ

နောက်ကျော သိပ်လုံဖို့ ကြိုးစားခဲ့တော့

ရှေ့မှာ တစ္ဆေသရဲတွေနဲ့ တွေ့ရတာပေါ့

ပိတ်သားထက်က အတိတ်ဆေးသားတွေလည်း

စွန်းထေးညစ်ပေကုန်ပြီလား

ကောင်းကင်ထဲ မိုးတိမ်တွေ ပျံဝဲနေတာကိုကြည့်ရင်း

သံပြိုင်အပိုဒ်ရောက်ရင်တော့

(ကိုလေးရေ) ကမ်းခြေကိုမြင်လိုက်ရတဲ့စိတ်မျိုးနဲ့

အစွမ်းကုန်ကြုံးအော်လိုက်ကြစို့လား။    ။

                                                   (စတိုင်သစ်။ စိစစ်ရေးထိ)

In: ကဗျာ Posted By: Date: Oct 6, 2011
Comment #1

ကဗျာကိုလည်း ကြိုက်တယ်
လေး ဖြူကို လည်း ကြိုက်တယ်…

Comment #2

ဒီကမ္ဘာမှာမျှော်လင့်သမျှတွေ က
နောက်ဆုံးမှာ သူအလိုအတိုင်းသာ
ခရီးဆက်ကြတယ် ကိုလေးရေ…။

commentinfo By: SoFarAwayFromU at Oct 6, 2011
Comment #3

ကျေးဇူးအထူးတင်ပါတယ်ဗျား ကိုလေးဖြူကြီးကို ဒီကဗျာပေးချင်လိုက်တာဗျာ sms တွေပို့တဲ့ သဘောပေါ့ဗျာ

commentinfo By: ရှိန်ဝါ at Oct 6, 2011
Comment #4

ဟုတ်တယ်…။

commentinfo By: SoFarAwayFromU at Oct 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment