Professional Authors

သံသယ

အလွမ်းတစ္ဆေ ရင်မှာမွှေလို့
ခဏလေးခွဲ မျက်ရည်တွေလဲ ၀ဲခဲ့ဖူးတယ်….
မတွေ့ရတဲ့ခဏ နေရ ခက်လွန်းလှပါတယ်။

တချိန်တချိန်မှာ ခဏတာမဟုတ်တဲ့
ကာလရှည်ကြာ ခွဲခဲ့ရပါက

ဝေးသွားခဲ့တဲ့ အနမ်းတွေနဲ့
ခံစားရမယ့် အလွမ်းတွေ
တွေးတွေးမိတိုင်း ငါ့ရင်တွေရိုင်းရိုင်းသွားတယ်။

သူလဲပဲတွေး ရင်မှာဆွေးနေမလား
ခံစားချက်တွေကြောင့်ပဲ တခုခုကို ငေးနေမလား။

ငါနဲ့ထပ်တူ လွမ်းအပူတွေတော့ မယူစေချင်ဘူး
မျက်ရည်စက်တွေနဲ့ အနေခက်နေတဲ့
သူ့မျက်ဝန်းလေးကိုလဲ မမြင်ချင်ဘူး။

ငါ့အတွေး ငါ့အလွမ်း ငါ့အနမ်းတွေနဲ့
ငါမှန်းဆထားတဲ့ အနာဂတ်တွေ
ရင်မှာအထပ်ထပ် တွယ်ကပ်နေပါလျှက်နဲ့
သူယုံအောင်ပြောဖို့ မတတ်နိုင်ခဲ့လို့

သူ့ရင်ခွင်ထဲ
မယုံကြည်မှုနဲ့ သံသယတွေစွဲနေခဲ့ပြီ။

In: ကဗျာ Posted By: Date: May 23, 2010
Comment #1

ငါနဲ့ထပ်တူ လွမ်းအပူတွေတော့ မယူစေချင်ဘူး
မျက်ရည်စက်တွေနဲ့ အနေခက်နေတဲ့
သူ့မျက်ဝန်းလေးကိုလဲ မမြင်ချင်ဘူး။

ငါ့အတွေး ငါ့အလွမ်း ငါ့အနမ်းတွေနဲ့
ငါမှန်းဆထားတဲ့ အနာဂတ်တွေ
ရင်မှာအထပ်ထပ် တွယ်ကပ်နေပါလျှက်နဲ့
သူယုံအောင်ပြောဖို့ မတတ်နိုင်ခဲ့လို့

သူ့ရင်ခွင်ထဲ
မယုံကြည်မှုနဲ့ သံသယတွေစွဲနေခဲ့ပြီ။

commentinfo By: အသဲကွဲမိုး at Feb 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment