ဈာပန မောင်လှမျိုး (ချင်းချောင်းခြံ)
ဂုဏ်သိက္ခာ ဆယ်တင်တဲ့
လက်ထပ်ပွဲ တစ်ပွဲအတွက်
အသည်းနှလုံးတစ်ခု
လူမသိ သူမသိ အမြှုပ်နှံ ခံလိုက်ရသလို
လူတစ်ယောက်
တေမိဇာတ်ကို က ခဲ့တယ်။
ရုပ်ရှင်တွေထဲကလို
“အချစ်ဟောင်းရဲ့ လက်ထပ်မင်္ဂလာ
ကိုယ်တိုင်ပဲ လာရောက်လို့ နှုတ်ဆက်တယ်”.. ဆိုတာမျိုး
သီချင်းဆိုပြီး လက်ဖွဲ့ဖို့ မသင့်လျော်ဘူး။
ချစ်သူကို ပေးအပ်မယ့်
လက်ဖွဲ့ပစ္စည်းတွေ၊ သူ… လက်ခံယူရဲပါ့မလား။
မင်္ဂလာရှိကြောင်း ကျက်သရေထဲမှာ
မျက်ရည်စက်တွေ ကင်းစင်ပါရဲ့လား။
ချစ်သူဟောင်းက နှောင့်ယှက်မှာစိုးလို့
ဖိတ်စာတောင် မပို့လိုက်တော့ဘူးဆို။
မင်းကို လက်ဖွဲ့မယ့် ပစ္စည်းတွေ
ကိုယ့် နောက်ဆုံးခရီးကျမှ
မီး သင်္ဂြိုလ်လိုက်ပါ့မယ်…။
မီးခိုးငွေ့ ဖြစ်သွားမယ့်
ဈာပန ပစ္စည်းတွေထဲမှာ..
စုံတွဲ ဓာတ်ပုံတွေ ပါဝင်ခဲ့ရင်၊
ကောင်းကင်ဘုံကို ရောက်သွားပါရစေ
ဘုရားသခင်…
Comment #3
ဈာပန ပစ္စည်းတွေထဲမှာ..
စုံတွဲ ဓာတ်ပုံတွေ ပါဝင်ခဲ့ရင်၊
ကောင်းကင်ဘုံကို ရောက်သွားပါရစေ
ကောင်းလွန်းပါတယ်ဗျာ ။
                        By: SkeLL at Oct 12, 2011
                    Comment #4
ဈာပန ပစ္စည်းတွေထဲမှာ..
စုံတွဲ ဓာတ်ပုံတွေ ပါဝင်ခဲ့ရင်၊
ကောင်းကင်ဘုံကို ရောက်သွားပါရစေ
ကောင်းလွန်းပါတယ် ဗျာ
                        By: SkeLL at Oct 12, 2011
                    Comment #5
ဖျားသွားတယ်ဗျာ..လေးစားလျှက်
                        By: အသဲကွဲမိုး at Jun 25, 2012
                    Comment #6
လေးစားလျက်ပါ။
                        By: loafer at Oct 22, 2012
                    Comment #7
ဆရာကိုအရမ်း သဘောကျတယ် ဆရာ့ကဗျာတိုင်းက ကျွန်တော့်ခံစားချက်နဲ့ထပ်တူကျတယ်
                        By:ုkyaw soe oo at Nov 7, 2012
                    Comment #8
ကောင်းလိုက်တာဗျာ….. တကယ်ကိုနှစ်သက်သွားမိတယ်…
                        By: နိုးဆက် နေ့ at Jan 9, 2013
                    Comment #9
သိပ်ကြိုက်တဲ့ ကဗျာ – စာရေးဆရာတစ်ဦးပါ…..
ဇတ်မပေါင်းဘဲရေးတပ်တဲ့ သဘာဝကို ပိုကြိုက်မိတာပါ။
လေးစားလျက်ပါ ။          ။ ဆရာ
                        By: heinhtet at Oct 25, 2013
                    Comment #10
ကဗျာဆိုရင် ချင်းချောင်းခြံ
                        By: ရဲမင်းသွင် at Jun 2, 2014
                    Comment #11
ဂုဏ်သိက္ခာ ဆယ်တင်တဲ့
လက်ထပ်ပွဲ တစ်ပွဲအတွက်
အသည်းနှလုံးတစ်ခု
လူမသိ သူမသိ အမြှုပ်နှံ ခံလိုက်ရသလို
လူတစ်ယောက်
တေမိဇာတ်ကို က ခဲ့တယ်။
                        By: May Kha at Jun 2, 2014
                    



 
Comment #1
ခံစားမှုကို နက်ရှိုင်းစေတယ် !