Professional Authors

ဝမ်းနည်းခြင်း

ပြဇာတ်တစ်ပုဒ်အဆုံးမှာ

မုန်းသွားမယ်မှန်း

ငါမမျှော်လင့်မိဘူး

အသဲခွဲလိမ့်မယ်

သူငယ်ချင်းတွေဆိုစကား

ငါမယုံစားခဲ့

မာယာပါတဲ့အပြုံး

ဟန်ဆောင်ခြင်းတွေထဲမှာ

ငါဟာတိမ်တိုက်တစ်ခု

[လေနှင်ရာကိုမျောလွင့်ခဲ့ရတယ်]

မင်းအထင်မှာတော့လေ

ငါဟာ…မင်းရဲ့မာယာကွန်ယက်ထဲ

အလူးအလိမ့်နဲ့ပြိုကွဲ

ဝမ်းနည်းခြင်းများစွာနဲ့ပေါ့

သစ္စာမရှိတဲ့မင်းကြောင့်

ဘဝကိုအရူံးပေး၊လောကကြီးကိုထိုင်ငေးလို့

ခပ်ဆွေးဆွေးနေမယ်ဆို

ယောကျာ်းတစ်ယောက်ရဲ့

မာနဆိုတာဘယ်မှာထားမလဲ

ဒါပေမယ့်လဲ

ချစ်မိခဲ့မိတဲ့အသဲ

ရင်မှာတိတ်တဆိတ်

ကြေကွဲနေတာ

ဘယ်သူမှမသိသလို

မင်းလဲမသိစေဖို့

ငါ့နှလုံးသားတစ်စုံကို

မာနဝတ်ရုံခြုံလို့

လုံခြုံအောင်ထိန်း

အချိန်အတော်ကြာ

သိမ်းထားရအုံးမှာပေါ့။

In: Others Posted By: Date: Jun 20, 2010
Comment #1

ဘ၀တူပါ…

commentinfo By: khampay at Jun 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment