Professional Authors

ကဗျာဆရာ (မောင်လှမျိုး – ချင်းချောင်းခြံ)

အမေ…….
လောကဓံ မိစိမ်းကား
ဗီလိန်မင်းသားနဲ့  တွဲပြီး
သားရဲ့ အသည်းကိုခွဲချေ
သွေးရဲတွေ အလီလီကျ
နာကျင်လှချည်ရဲ့…..အမေ။

ရွှေမဖြစ်
ငွေမဖြစ်
အမေချစ်တဲ့…..သား
ကဗျာဓါးကို ကိုင်ဆွဲပြီး
ယိုင်လဲတဲ့ ဓနိမိုးအောက်
“တက်” ခေါက်ခဲ့မိပေါ့။

စိတ်ညစ်တဲ့ အခါတိုင်း
ချစ်ရသူရဲ့ မျက်လုံးဝိုင်းဝိုင်း ကလေးကို မမြင်
အမေနဲ့သာ တွေ့ချင်တယ်။

ပြေလည်တာ မသိ
ရွှေဝယ်စရာ မရှိ
အသေအချာ စမ်းစစ်ကြည့်တိုင်း
ကဗျာသမား အမေ့သား
နင်းပြားပါ…..အမေ။

ဘ၀ဆိုတာ…….
ဗီဒီယိုအခွေလို လိုချင်တာပြန်ရစ်
ဆန်းစစ်ဖို့ အချိန်ရရင်
အိမ်ခဏပြန်ချင်တယ်…..အမေ။

မောင်လှမျိုး (ချင်းချောင်းခြံ)

ခေါင်းစဉ်က အတိအကျ မသိတော့တဲ့အတွက် ဖြစ်နိုင်ချေရှိတာကို တင်လိုက်ပါတယ် …….
ဆရာ့ကဗျာကို အရမ်းကြိုက်တဲ့အတွက် ဆရာ့ ၀တ္ထု တစ်အုပ်ထဲက ပါတဲ့ ကဗျာတစ်ပုဒ်ပါ ………
ဒီစာအုပ်ကို ဖတ်ထားတာ အလွန်တရာ ကြာပြီဖြစ်တဲ့ အတွက် ခေါင်းစဉ် အတိအကျ မမှတ်မိတာက မိမိ၏ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်းနဲ့ သိရှိပါက အမှန်ပြင်ပေးနိုင်ပါကြောင်း အသိပေးပါတယ်………

Comment #1

ဒီကဗျာပါတဲ့ ၀တ္ထုကို ဖတ်ခဲ့ရတဲ့အချိန်က တော်တော်ကြာပါပြီ
ဒါပေမဲ့ ……….ကဗျာကို အရမ်းနှစ်သက်မိတဲ့အတွက် မမေ့နိုင်တဲ့ ကဗျာတပုဒ်ထဲမှာ ပါပါတယ်……….

commentinfo By: sitayenyein at Sep 20, 2011
Comment #2

ပြေလည်တာ မသိ
ရွှေဝယ်စရာ မရှိ
အသေအချာ စမ်းစစ်ကြည့်တိုင်း
ကဗျာသမား အမေ့သား
နင်းပြားပါ…..အမေ။ ( ကဗျာသမားတွေပဲနင်းပြားမဟုတ်တော့ပါဘူး…….)

commentinfo By: May Kha at Sep 20, 2011
Comment #3

ကဗျာလေးကောင်းလိုက်တာဗျာ..ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Sep 20, 2011
Comment #4

ရွှေမဖြစ်
ငွေမဖြစ်
အမေချစ်တဲ့…..သား
ကဗျာဓါးကို ကိုင်ဆွဲပြီး
ယိုင်လဲတဲ့ ဓနိမိုးအောက်
“တက်” ခေါက်ခဲ့မိပေါ့။

commentinfo By: kaungkinsoe at Dec 3, 2011
Comment #5

ဒီကဗျာလေးက်ု ဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ် ခင်ဗျာ

commentinfo By: yetwaynaung at May 3, 2012
Comment #6

အရမ်းကောင်းတဲ့ ကဗျာ ကူးထားခွင့်ရခဲ့လို့ ကျေးဇူးဗျာ

commentinfo By: နိုးဆက် at Apr 20, 2013
Comment #7

ဆရာမောင်လှမျိုး(ချင်းချောင်းခြံ) က စာအုပ်တွေဆက်မရေးတော့တာ ဘာကြောင့်လဲဟင်……..ကျွန်တော်တကယ်မသိလို့မေးကြည့်တာပါ ၀ိုင်းမဟားကြပါနဲ့နော်..

commentinfo By: Pupyin at Jul 18, 2013
Comment #8

ဆရာ က စာအုပ်တွေရေးတော့ရေးပါတယ်
ဒါကသူ့ ရဲ့  fb acc ပါ
https://www.facebook.com/MHM.CCC?fref=ts

commentinfo By: loafer at Jul 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment