Professional Authors

ငါ့…………

ငါ
ဘာမှန်းမသိတဲ့
လမိုက်ညတွေကို
ဖြတ်သန်းဖူးပြီ

အချစ်ရဲ့ ခါးသီးတဲ့ ဖျော်ရည်မှာ
နတ်ဘုရားလို ကိုးကွယ်ခဲ့ဖူးတဲ့
ငါ့သစ္စာတွေ အနည်ကျခဲ့ပြီ

နှလုံးသားကိုအရောင်ဆိုး
ငါ့သမိုင်းကို ငါကိုယ်တိုင်
ညစ်နွမ်းစေခဲ့ပြီ

မှားမှန်းသိတဲ့ ဆုံးဖြတ်ချက်တွေက
ငါ့နေ့ ရက်တွေကို
လှပစေခဲ့ဖူးပြီ

ရုန်းထွက်ဖို့ ကြိုးစားရင်း
စွဲလမ်းမှုတွေကို အကြိမ်ကြိမ်
ဒူးထောက်ခဲ့ရပြန်ပြီ

ခွင့်လွတ်ကြပါ
ဒီဘ၀ ငါရုန်းမထွက်နိုင်သရွေ့ ပေါ့
တစ်နေ့ နေ့ တော့ ငါ့အမှားတွေကို
ငါကိုယ်တိုင်ပေးဆပ်ခဲ့မှာပါ……..

In: ကဗျာ Posted By: Date: Jan 21, 2012
Comment #1

ကဗျာထဲ စာသားတွေထဲကအတိုင်းပါပဲဗျာ
ထပ်တူခံစားအားပေးသွားပါတယ်.။

commentinfo By: poem.poem28 at Jan 21, 2012
Comment #2

ခုခံစားချက်နဲ့ ထပ်တူကျလို့ အရမ်းကြိုက်ပါတယ်

commentinfo By: linn at Jan 21, 2012
Comment #3

huh,,,,,,,,,,,,,,,,,,

commentinfo By: ei lay at Jan 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment