Professional Authors

သားအတွက်ကောင်းကင် မေမေ့သို့ ..

သားမမြင်နိုင်ခဲ့တဲ့ လမ်းမှာ

အမေ့မျက်ရည်တွေနဲ့အိုင်ထွန်းလို့

သားလျောက်ဖို့အတွက်လမ်းကို

အမေကိုယ်တိုင်ခင်းပေးခဲ့လေသလား ။

အမေ့မျက်ဝန်းတွေ မှုံမွဲနေရင်တောင်

သားတို့အတွက်တော့ လမ်းရွေးမမှားဖို့

 အစဉ်လမ်းပြပေးခဲ့သလိုပေါ့။

အမေအကြိမ်ကြိမ်မက်ခဲ့တဲ့ အိပ်မက်ဟာ

သားတို့ကိုပြုစုရင်း မိသားစုကိုစောင့်ရှောက်ရင်းနဲ့ပဲ

ပျောက်ကွယ်ခဲ့တာလား ။

တကယ်ဆိုသားက သိုးမည်းတစ်ကောင်ထက်အရောင်ပိုရင့်ခဲ့ဖူးသူ

အမေစိုက်တဲ့ ဥယျာဉ်မှာ သားက ပိုးကျ ဖူး တဲ့ ပန်းလေးတစ်ပွင့် ။

အဖေနဲ့အမေကို နာကျည်း အလိုမကျ မှုတွေနဲ့

အရွယ်မတိုင်ခင်တုန်းက လျှောက်ခဲ့တဲ့

လမ်းတွေ မှောင်မိုက်ခဲ့ဖူးတယ်

အမေ့ရဲ့ မေတ္တာထက် သားဖတ်ခဲ့ဖူ့းတဲ့ စာအုပ်တွေကို

ပိုပြီးယုံကြည်ခဲ့မိတယ် ။

အယ်လ်ကိုဟောနဲ့ အမေ့မျက်ရည်ကိုလဲလှယ်ခဲ့ဖူးတယ်…။

မင့်သားဆယ်တန်းအောင်ရင် ငါ့ခေါင်းလာဖြတ်လည့် ဆိုတဲ့

အဖေ့ရဲ့ အထင်သေးစကားကို အောင်စာရင်းထွက်တဲ့နေ့ မှာ

အမေလှောင်ရီမော ဟားတိုက်ပစ်ခဲ့တာ

သားဆယ်စုနှစ်တစ်ခုတိုင်အမှတ်ရနေဆဲ…။

သားပျံဝဲခဲ့တဲ့ ကိုယ်ပိုင်ကောင်းကင်ဟာ အမေ့မေတ္တာနဲ့

ရက်လုပ်ခဲ့လေ သလား ။

အမေဆိုပြခဲ့ဖူးတဲ့ နီတိ တေးသံဟာ

သားအတွက်တော့ ကျင့်သုံးရာ ဓမ္မဖြစ်ခဲ့

အမေပြုံးပြခဲ့ဖူးတဲ့ အကြင်နာမျက်ဝန်းဟာ

သားအတွက်တော့ ဘယ်တော့မှ ကွယ်မသွားတဲ့

လမင်းတစ်စင်းဖြစ်ခဲ့…

သားဘယ်လောက်ဆိုးပါစေ အမြဲရပ်တည်ပေးခဲ့ဖူးတဲ့အမေ့ကို

တစ်ဘ၀စာကျေးဇူးတင်ဆဲ

In: ကဗျာ Posted By: Date: Oct 4, 2011
Comment #1

အမေပြုံးပြခဲ့ဖူးတဲ့ အကြင်နာမျက်ဝန်းဟာ

သားအတွက်တော့ ဘယ်တော့မှ ကွယ်မသွားတဲ့

လမင်းတစ်စင်းဖြစ်ခဲ့…

သားဘယ်လောက်ဆိုးပါစေ အမြဲရပ်တည်ပေးခဲ့ဖူးတဲ့အမေ့ကို

တစ်ဘ၀စာကျေးဇူးတင်ဆဲ

commentinfo By: mgchannaye at Oct 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment