Professional Authors

ကြာခဲ့ပြီ (တာရာမင်းဝေ)

တစ်နေ့ပြီး တစ်နေ့ ဆိုနေရတဲ့ သီချင်းပေမယ့်
မပျင်းပါဘူး
ဘဝက ခြေဆင်းထိုင်နေရုံလေးနဲ့တော့
အဲဒီလို မပြောကြပါနဲ့ ..။

တောင်စွယ်မှာ နေကွယ်တာကို မြင်သားပဲ
ဘာဖြစ်လဲ
အဲဒီ ဓားက မလွဲခဲ့ဘူးဆိုရင်တောင်
ငါကလည်း မပြိုလဲ ခဲ့ပါဘူးကွယ်။

ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာ ကြာပြီ
တစ်ယောက်တစ်လမ်းစီ မသွားရတာလည်း ကြာပြီ
ကိုယ်ကတခြား သူကတခြား ဖြစ်ခဲ့ကြပေမယ့်
ဘယ်သူကမှ မလွဲမှားခဲ့ကြတာလည်း ကြာပြီ …

ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့
ဘယ်သူတွေ ဘယ်လို ပြောပြော
ငါ့အတွက်တော့
နေသံ လသံ ရောနေခဲ့တာလည်း … ကြာပြီ ။

တာရာမင်းဝေ

/* စာရေးဆရာမ အစ်မ မနော်ဟရီ ရဲ့ ကျွန်မချစ်သောကဗျာများ ဆိုတဲ့နေရာက သူသည် ကဗျာဆရာတစ်ယောက် ဖြစ်သည်  ဆိုတဲ့ post က ဖတ်ခွင့်ရပြီး တစ်ဆင့် ဖော်ပြတာပါ */

 

 

Comment #1

ကဗျာဆရာ

အိပ်ချင်သောစိတ်
အိပ်သာအိပ်
အိပ်သည့်အခါ
အိပ်မက်လာ
အိပ်ပါလျှက်နှင့်နိုးရသည်။

တာရာမင်းဝေ(မိုးခေါင်လို့တီးတဲ့ဗုံသံ ကဗျာ စာအုပ်မှ)

commentinfo By: aalwin at Sep 20, 2010
Comment #2

တာရာမင်းဝေရဲ့ မဖတ်ဖူးတဲ့ကဗျာတွေကိုတင်ပေးတဲ့တွက် ကျေးဇူးတင်ပါတယ်…….

commentinfo By: ဒိုဒို at Dec 1, 2010
Comment #3

ဖိနပ်ကလေး မပါသောသည်

commentinfo By: rocker at Mar 18, 2011
Comment #4

ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့
ဘယ်သူတွေ ဘယ်လို ပြောပြော
ငါ့အတွက်တော့
နေသံ လသံ ရောနေခဲ့တာလည်း … ကြာပြီ ။
ဖတ်ပြီးတခုမကဘူးခံစားရတယ်

commentinfo By: aye chan khine at Jul 15, 2011
Comment #5

ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာ ကြာပြီ
တစ်ယောက်တစ်လမ်းစီ မသွားရတာလည်း ကြာပြီ
ကိုယ်ကတခြား သူကတခြား ဖြစ်ခဲ့ကြပေမယ့်
ဘယ်သူကမှ မလွဲမှားခဲ့ကြတာလည်း ကြာပြီ …

ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့
ဘယ်သူတွေ ဘယ်လို ပြောပြော
ငါ့အတွက်တော့
နေသံ လသံ ရောနေခဲ့တာလည်း … ကြာပြီ ။

commentinfo By: May Kha at Jan 19, 2012
Comment #6

တစ်နေ့ပြီး တစ်နေ့ ဆိုနေရတဲ့ သီချင်းပေမယ့်
မပျင်းပါဘူး….။

commentinfo By: SoFarAwayFromU at Jan 29, 2012
Comment #7

မဖတ်ရတော့ဘူးလို့ထင်ထားတာ

commentinfo By: banyar swe at Jul 18, 2012
Comment #8

အားကျလေးစားဦးညွှတ်လျှက်ပါ

commentinfo By: အသဲကွဲမိုး at Aug 13, 2012
Comment #9

အား!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
ကြာခဲ့ပြီ

commentinfo By: နေရဲ at Sep 25, 2012
Comment #10

တကယ်ကို ကြာခဲ့ပါပြီ

ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာ ကြာပြီ
တစ်ယောက်တစ်လမ်းစီ မသွားရတာလည်း ကြာပြီ
ကိုယ်ကတခြား သူကတခြား ဖြစ်ခဲ့ကြပေမယ့်
ဘယ်သူကမှ မလွဲမှားခဲ့ကြတာလည်း ကြာပြီ …

commentinfo By: thidangenge at Nov 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment