Professional Authors

ရင်ဘတ်တစ်ဖဲ့စာကဗျာတစ်ပုဒ်

မေမေ
သားအတွက်ဆို အားတက်စေမယ့်စကားနဲ့
အမှားဖက် မရောက်ရအောင်
ထောက်ပြတတ်သူမေမေ။

မေမေ
အကြိမ်ကြိမ်လဲကျတိုင်း တွဲထပေးသူ
ဖေးကူတဲ့လက်တစ်စုံနဲ့
တက်ကုန်ဖွင့်စေခဲ့တာမေမေ။

မေမေ
သားရေအမြင့်ဆုံးပျံ အမြန်ဆုံးပြေး
ဟိုးအဝေးမှာလေ သားအတွက်ပန်းတိုင်တဲ့
ဟင့်အင်းမေမေတော့မလိုက်နိုင်တော့ပါဘူး။

မေမေ
မငိုပါနဲ့နော် ပြန်လာခဲ့ပါမယ်
ပညာရယ်အောင်မြင်မှု
ကြိုးစားကာ သားစုခဲ့မယ်
မေ့မေ့အတွက်အားတစ်ခု ဖြစ်ရအောင်ပေါ့။ ။

ဇင်သူ(civil)

In: ကဗျာ Posted By: Date: Sep 12, 2013
Comment #1

ကျွန်တော် လိုအပ်တာ ဝေဖန်မှုတစ်ခုပါ ခင်ဗျားတို့ပေးနိုင်ပါ့မလား

commentinfo By: zinthu at Sep 12, 2013
Comment #2

လေးစားပါတယ်..ကိုဇင်သူ…ပြောထားတဲ့အတိုင်းတော့ကြိုးစားနော့ဗျ

commentinfo By: niaallin at Sep 14, 2013
Comment #3

ကျေးဇူးပါခင်ဗျာ အတတ်နိုင်ဆုံးတော့ကြိုးစားပါတယ် ဒါပေမယ့်အဆိုးတွေပိုများနေတယ်ခင်ဗျ

commentinfo By: zinthu at Sep 15, 2013
Comment #4

မေမေ့ကို လွမ်းတယ် ။ဖြစ်ခဲ့တာတွေအတွက်တောင်းပန်ချင်တယ်
သားကိုခွင့်လွှတ်ပါမေမေ

commentinfo By: zinthu at Sep 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment