Professional Authors

အံ့သြ/ရွံရှာ/သနား စရာကောင်းလောက်အောင် သူ စိတ်မကုန်သေးဘူး

အံ့သြ/ရွံရှာ/သနား စရာကောင်းလောက်အောင် သူ စိတ်မကုန်သေးဘူး

အပိုပဲ အပိုတွေပဲ
နင် ငါ့ကိုလိုအပ်နေမှာပဲ
နင် ငါ့ကိုစောင့်မျှော်နေမှာပဲ…ပြီးတော့
နင် နဲ့ ငါဆက်နွယ်နေတယ် အစရှိသဖြင့်
ငါ့ခေါင်းထဲကမထွက်တဲ့ အတွေးတွေက
တကယ်တော့ အပိုပဲ…။

ဖယ်ထုတ်ပစ်လိုက်တော့
ဘာလို့များဖြည့်ဆည်းချင်နေရတာလဲ
ဘာလို့များ အရှုပ်ခံချင်နေရတာလဲ…ပြီးတော့
အမှိုက်တစ်စလိုပဲလေ ဒီလိုနဲ့
ငါ့သွေးထဲက ဆန္ဒတွေက
တကယ်တော့ အပယ်ခံပဲ…။

ထားခဲ့သင့်နေပြီ
အမြဲတမ်း စကားလုံးတွေနဲ့ သေနေရတယ်
အမြဲတမ်း စကားလုံးတွေနဲ့ ငိုနေရတယ်…ပြီးတော့
ဆုတ်ဖြဲခြင်းတွေပဲ အဲ့ဒါကြောင့်
ငါ့မျက်လုံးထဲက အရိပ်တွေက
တကယ်တော့ နင့်ဆီမရောက်တာကြာပါပြီ…။

မြေနံ့

In: ကဗျာ Posted By: Date: Oct 3, 2011
Comment #1

အံ့သြ/ရွံရှာ/သနား စရာကောင်းလောက်အောင် သူ စိတ်မကုန်သေးဘူး ……………..
……………………………………………………………………………………………………………
ဒီကဗျာလေး တော်တော်ကြိုက်မိပါတယ်။

Leave Comments

Name*

Email*
Website
Email me whenever there is new comment