Professional Authors

စကားအချေအတင်ပြော စကောစက အက်ကွဲသံ

စကားအချေအတင်ပြော စကောစက အက်ကွဲသံ

 

အခါမလပ်ဖြတ်သန်း ပိုင်ဆိုင်မဲ့သိက္ခာ နှောင်ကြိုးတေးသွားအထပ်ထပ် ကြမ်းပြင်ပေါ်

အ၀ါအိုရောင်သစ်သီး ၀င်းမှည့်ရင့်ရော်ကြွေရာ ကမ်းတစ်ဖက် မိုးခေါင်သိပ်သည်း

သက္ကရာဇ်ထွန်းကား

 

နေ၀င်ရီတရော အဓိပ္ပာယ်လေးနက်လွင်ပြင်ပေါ်

အမှန်တရားတွေ ဇွတ်တရွတ် … ရွတ်တိုင်း

မဟုတ်မဟ အမူအရာတွေ ငေါငေါထွက်သံသရာတမ်းချင်း

 

မရှုဆိတ်နဲ့ ဘွာခတ်နေသမျှ ငြီးစော်နံစကားတွေ ဆက်ဆံရေးထဲမြစ်ဖျားခံ

မြင်နေတာ စိတ်မကောင်းတာကလွဲလို့ သစ်ရွက်တချို့လှုပ်ခါသံ ဘယ်ဆီဘယ်ဝယ်

အပြုသဘော

 

ညတွေက လကွယ်ဖို့ပဲ အမြဲစိတ်ဝင်စားနေတဲ့ တံခါးပေါက်

ဟိုဘက်လွန် ဒီဘက်လွန်မနောကမ်းခြေက လှမ်းလှမ်းပြီး ရယ်သွန်းနေလေရဲ့

 

နေ့ချင်းညချင်း အရော်ပေးခံလိုက်ရ အသစ်စက်စက်အပေါ်ယံလွှာ သက္ကရာဇ်ထဲ

အခွင့်အလမ်းဖြတ်လမ်းနည်းရှာ အချောင်ပွလူသားတချို့ လက်ခမောင်းခတ်

ပေါက်လွှတ်ပဲစား လွင်တီးခေါင်စိတ်ဓာတ် ဖောက်သည်စနစ် တချို့တစ်ဝက်ရ

ယနေ့အနေအထား

 

ဓာတ်ကြီးလေးပါး ဓာတ်ချုပ်မှု

ခေတ်ကာလနဲ့ပါဝင်ပတ်သတ်မှု ရှိ/မရှိ ထိုထိုသဘော ရောင်ပြန်

 

ကြင်နာသံစဉ် လမ်းပျောက်ရာနောက်

ယောင်လည်လည်လိုက်သွားတဲ့ ခြေသံ သဘောထားကြီးရင့်ခဲ့တာတောင်

တမ်းတမ်းစွဲ နေ့စွဲရစ်ထွေးမှုတွေ ကြား

တင်းတိမ်ရောင့်ရဲ ပါးစပ်ပေါက် အ၀င်/အထွက် ၊ ရှင်း/မရှင်း

စပ်ကူးမတ်ကူး ရိုးတိုးရိပ်တိတ် ဘောင်ဘင်ခတ်မှု လေသံမာကျောကျော

လှမ်းလင့်လို့ကြိုရာထဲ ကမ်းလင့်လို့ပြိုခဲ့ရတဲ့ ကာလသတင်းထူးတွေကြား

ဗျာပါဒတွေ အစုစုထွန်းကားရာ ဗျာပါဒထဲ သုံးဆယ့်ရှစ်နှစ်သားကြီးရဲ့ဝေဒနာ

 

ကရားရေပိတ် ခပ်ထွေထွေထဲ နေ့မစေ့မစေ့ စကားပြောင်စကားပြတ်

အများအပြားမင်းမူ

လောကပြန်ချိန်က

ဆွံ့အနားမကြားသယောင်ဆောင်ပြီး သစ္စာတိုင်တည် ကံတရားဆီ ဦးပြမ်လှည့်ပြီ။

ကလင့်(မန္တလေး)

အဇ္ဈတ္တအယ်လဘမ် ကဗျာစာအုပ်ပေါင်းချုပ်မှထုတ်နုတ်သည်

 

 

In: ကဗျာ Posted By: Date: Oct 3, 2011
Comment #1

ကဗျာက ဘယ်လိုလဲ…။

commentinfo By: SoFarAwayFromU at Oct 3, 2011
Comment #2

ကလင့် (မန္တလေး) ..
ကျနော်သိတဲ့ ဦးကလင့် များလား ??
ဆရာထိန်ဝင်းမွန်တို့ ဘော်ဒါကြီးများလား ??

commentinfo By: မိုးခါး at Nov 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment