Professional Authors

ခေါင်းသေးသေးလေးနဲ့ ချရေးဖြစ်တဲ့ကဗျာ

အခုထိ ဓာတ်ကြီးလေးပါးအကြောင်းနဲ့
ဓါးကြီးလေးပတ် ပတ်ပြရင်း
ဟန်ရေးပြကောင်းနေတုန်းပဲလား ညီငယ်
တို့ဘုရားရဲ့ ပဋိစ္စသမုပ္ပါဒ်မှာလေ
အ၀ိဇ္ဇာနဲ့တဏှာအရင်းခံ ဥပါဒါန်
ကံကြောင့် ရုပ်နာမ်ပေါ်လာပြန်ပြီဆိုရင်
ဇာတိဆိုတဲ့ အညစ်အကြေးဖြစ်တည်မှုကစလို့
ဒီစိတ် ဒီခန္ဓာတွေ ရလာတာပဲမဟုတ်လား
ကပ်ပါလာတဲ့ဇရာ ဗျာဓိ မရဏဆို မေ့ထား
အ၀ိဇ္ဇာတစ်ခွဲသားနဲ့ နှစ်သိန်းလေးသောင်းပေါ်မှာ
ငါတို့ဟာ အခုထိ
လူပေါင်းမှားနေမြဲ ဆိုးနေမြဲ ပေနေမြဲ လေနေမြဲ
လက်တစ်ကမ်းက ငရဲဟာ သိပ်ကြောက်စရာကောင်းတဲ့အကြောင်း
ကဲ  သူတော်ကောင်းတို့
ဒီကဗျာ    အချိန်စေ့ပြီ
ဒီတော့ ဒီနေရာမှာပဲ
*ခရမ်းပြာရဲ့ပါဒတစ်ကြောင်းနဲ့ အဆုံးသတ်ကြပါစို့
ကမ္ဘာအစောင်းကြီးမှာ လူတွေစောင်းနေ မြောင်းနေ ဘာအရေးလဲ

(*ခရမ်းပြာ=ဆရာခရမ်းပြာထက်လူ)

In: ကဗျာ Posted By: Date: Oct 31, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment