Professional Authors

အိမ်မက်ထဲ လမ်းလျောက်ထွက်ခြင်း

အကြောင်းရင်းရယ် မရှိပဲ

အိပ်မက်လမ်း အ၀င်.. အ၀ မှာ

မြက်ရိုင်းတွေက ခပ်စိမ်းစိမ်းနဲ့…

အခုမှ မျက်လုံးမှိတ်မယ် ကျန်သေးတယ်

လေနီကြမ်းတွေက အိပ်မက်ဆီ

ဆွဲခေါ်နေပြီ..

အယ်ဒီဆင်ကပြောတယ်ဗျ..

အလင်းရောင်ဆိုတာ သူဖန်တီးတာတဲ့…

ဟုတ်ရင်တော့ ဟုတ်မှာပါ…

ကျွန်တော့ အတွက်တော့

အိပ်မက်ထဲထိ အလင်းရောင်ပေးတာ

တစ်ယေက်ပဲရှိတယ်..

ပုန်းအောင်းလို့ မရတဲ့ ညမှာ

အိပ်မက်တံခါးဝက  မြက်တစ်ပင်လောက်

ကောက်သွားရမယ်..

ကောက်ရိုးဆိုလဲ ဖြစ်ပါတယ်..

ဘာပဲဖြစ်ဖြစ်ပါ..

အာရုဏ်မတက်ခင်

ဖမ်းဆုတ်လို့ ရအောင် သူအလင်းပေးထားရင်

ပြီးတာပဲ…

အခု အိပ်မက်ထဲ ငါလှမ်းဝင်နေပြီ..

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

wow,,,
mike de,
hote de.
ane mat hte hti a lin yaung pay phoe thu ta yout hte ko kwint pyu htar tar.

commentinfo By: ei lay at Nov 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment