Professional Authors

ငါ့စိတ်မိုက်ရဲ့ ချစ်ဇယား

 

 

ပစ္စုပ္ပုန်ကမ်းခြေမှာ တွေးဝေမိန်းမောရင်း

အိပ်ငိုက်လာတဲ့ ငါ့စိတ်မိုက်ကို

သွင်းချလိုက်တာ အတိက်မိခင်က

ငါ့ကို..ကျိန်စာတိုက်ခဲ့လို့ ငါ..ထိခိုက်ခဲ့တယ်

အခုတော့ ငါ့..အတွေးတိမ်တိုက်မှာ

မြူတိမ်တွေ ပြေးလား ဆော့ကစားရင်း

လှောင်ပြောင်နေတဲ့ မာနစိတ်မိုက်ဟာ

ငြီးတွားနေတဲ့ ငှက်ခိုမိုက်လို

ငါ ငြီးတွားနေတဲ့အခိုက်တန့် အနာဂါတ်ဆိုတဲ့

မင်းသ္မီးက ငါ့ကို ချစ်ကြိုက်လို့

ငါ့ စိတ်မိုက်ဟာ မာနတောင်ကိုထိခိုက်သွားတယ်..။

 

သို့သော် ကျော်လွန်ခဲ့တဲ့ ငါ့..အတိက်ပစ္စုပ္ပုန်ကို

ပိုင်စိုးမှုတွေနဲ့ ရင်ခွင်ကမ်းခြေကိုသိမ်းပိုက်လို့

ငါ့..စိတ်မိုက်ရဲ့ စစ်တပ်မကြီးက မင်းရှေ့မှာ ဒူးထောင့်ကာ

အီရတ်မှာ စစ်ရှုံးသလို ငါ့မာနစစ်တောင်တန်းကြီး

ပြိုကြခဲ့တာ မင်းကို ငြိမ်းချမ်းရေး ချစ်စစ်တမ်းပေးချင်လို့ပါ…

အခုတော့လည်း ငါ့စိတ်မိုက်ရဲ့ စစ်သမိုင်းကြောင်းတွေ

အတိက်ကောင်းခဲ့ပေမဲ့ ပစ္စုပ္ပုန်ထုချေစာတန်းနဲ့

အနာဂါတ်ပြန်တမ်း ဥပဒေတွေက

ငါ့စစ်ကြောင်းကို ဟစ်တလာကိုခွင့်မပြုခဲ့သလို

ငါ့စိတ်မိုက်လဲပြိုကာ မင်းရင်ခွင်ထဲ ငါအိပ်ခဲ့ရပြီလေ..။

 

အိုဟောင်းနွမ်းသွားပြီ အိုဇုန်းလွှာလည်း အနည်းငယ်ထိခိုက်လို့

ငါ့ကောင်းကင်ကြီးဟာ မကြာမှီ ပေါက်ကွဲသွားမှာ တွေးကြောက်မိတယ်

ငါ့..နှလုံးသား အိုဇုန်းလွှာ မပေါက်ကွဲမှီ စစ်မက်ခြင်း စက်မှုဇုံလက်နက်ကွင်းကို

ဖျက်ဆီးလို့ ညစ်နွမ်းသော မြူခိုးတွေရဲ့ တိုက်ခိုက်ခြင်းကို ရပ်တန့်ခဲ့ပေမဲ့

ငါ..မမြင်လိုက်သော မြားချက်က ဓားသွားထက်ထက်နဲ့ ဖြတ်တောက်သလို

ငါ့နှလုံးသားကို တည်တည်ဝင်ရောက်ခဲ့တာ မင်းရဲ့ ကျည်ဆန်မဲ့မြားချက်ကြောင့်ပါ..။

 

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa.blogspot.com

In: ကဗျာ Posted By: Date: Sep 29, 2011
Comment #1

ကောင်းတယ်ဗျ။အားပေးပါတယ်။

commentinfo By: poem.poem28 at Sep 29, 2011
Comment #2

ငါ ငြီးတွားနေတဲ့အခိုက်တန့် အနာဂါတ်ဆိုတဲ့

မင်းသ္မီးက ငါ့ကို ချစ်ကြိုက်လို့

ငါ့ စိတ်မိုက်ဟာ မာနတောင်ကိုထိခိုက်သွားတယ်..။
ကောင်းတယ်ဗျာ

Comment #3

အမေရေ….. ဖြစ်နိုင်မယ်ဆိုရင် ကျုပ်ကို နောက်တခေါက်လောက်ပြန်မွေးပေးပါလား….. “ငါ့စိတ်မိုက်ရဲ့ အချစ်ဇယား” ထဲက အပြစ်အမှားတွေကို…. ပြန်ပြီးချေဖျက်ချင်လို့ပါ……။
အားပေးလျှက်………………။

commentinfo By: Wai Pon at Sep 30, 2011
Comment #4

ကဗျာလေးက တခုခုကို ပြောပြနေသလိုပဲ…..။ တခုခုတော့ ကျန်သွားပါတယ်….။ ဖတ်ခွင့်ရတဲ့အတွက် ကျေးကျေးပါ။

commentinfo By: wunzin at Sep 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment