Professional Authors

စိုးရိမ်တယ်

မချစ်ဖူး အချစ်ဦးမို့
ချစ်ရမှာကို ကြောက်မိတယ်…….

အချစ်ဆူး မနှုတ်ဖူးတော့
နှုတ်ရမှာလည်း မလွယ်လှတယ်……….

မမေ့ဖူး တသက်ရှုး
မုန်းသွားမှာကိုလည်း စိုးရိမ်တယ်…

အချစ်ပန်း ဘယ်တော့မြန်း
ပွင့်မယ်ဆိုတာကိုလည်း မျှော်မိတယ်………..

အခြေချင်းလည်း မတူဘဲ
ချစ်နေမိတော့ ပြသနာပဲ……..

တွေးနေရင်းလည်း ရင်မောဆဲ
နောက်ပါသွားရင် ဒုက္ခနဲ့………..

အိမ်မက်ထဲလည်း မင်းပဲ
စားနေရင်းလည်း မင်းပဲ
အစားထိုးမချစ်နိုင်တာ မင်းမှမသိဘဲ………..

တကယ်ပါ……
အတွေးထဲမှာလည်း ချာချာလည်
မချစ်ရမှာလည်း ငါမလိုရဲ
ချစ်ပါတော့လို့ တောင်းချင်ဆဲ…….
မင်းမသိတော့ ငါအသဲကွဲ……..

မင်းဘေးနားက ကောင်မလေးတွေလို
ဥစ္စာမရှိပေမဲ့ မင်းအတွက်ပျော်စရာ
ငါရင်ထဲမှာ ငါမှာရှိတယ်ဆိုတာ ယုံပါကွာ…….

မင်းအကြည့်တွေကို ခိုးခိုးကြည့်ရင်း
ရင်ခုန်ခဲ့တာတွေလည်း ရင်တွေဖို
ပျက်ခဲ့ရတဲ့ ညတွေကလည်း တောင်လိုပုံ
မင်းနဲ့ရှိနေချင်တာ အရင်လို……

ပြန်ချစ်ပါတော့
မင်းသိအောင် လုပ်မပြတတ်တော့
နှလုံးသားက ငိုပြန်ရော…
ကို ရယ်………ပြန်ချစ်ပါတော့နော်……..

ကောင်မလေးတစ်ယောက်ရဲ့ ခံစားချက်တစ်ခုပါ………
အားလုံးခံစားနိုင်ပါစေ…
                                                       စိုး……………

In: ကဗျာ Posted By: Date: Jan 25, 2012
Comment #1

အားပေးသွားပါတယ်။။။

commentinfo By: May Kha at Jan 25, 2012
Comment #2

မင်းအကြည့်တွေကို ခိုးခိုးကြည့်ရင်း
ရင်ခုန်ခဲ့တာတွေလည်း ရင်တွေဖို
ပျက်ခဲ့ရတဲ့ ညတွေကလည်း တောင်လိုပုံ
မင်းနဲ့ရှိနေချင်တာ အရင်လို…

commentinfo By: kantkawmg at Jan 25, 2012
Comment #3

he,,he,,
a hman tway tate ma pyaw ne naw.

commentinfo By: ei lay at Jan 27, 2012
Comment #4

😛

commentinfo By: ei lay at Feb 27, 2013
Comment #5

Thanks ma ei and ko kantkawmg

commentinfo By: soeoo at Mar 1, 2013
Comment #6

🙂

commentinfo By: ei lay at Mar 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment