Professional Authors

လက်ခြင်းယှက်လို့ အတူတူ သွားစို့လား

နာတာရှည်ဘဝပေါ်မှာ နှစ်လတွေကြာရှည်လို့
ဘဝအကျဉ်းထောင်မှာ အတွေးခေါင်ခေါင်နေခဲ့ဘူးတယ်
မရေရာသောအခန်းကျဉ်းထဲက စာမျက်နှာပြင်မှာ
ကမ္ဘာပတ်လို့ အတွေးတွေကိုလည်း နယ်ချဲ့ဆန်ကျင်ခဲ့ဘူးတယ်
ဇိမ်ခံတမ်းတနေတဲ့ အနာဂါတ်အတွက်
လမ်းကြောင်းတွေဖွင့်လို့ ပါတီပွဲတက်ခဲ့တယ်
မရုန်းထနိုင်သေးတဲ့ အတိက်လက်ကျန်တွေ
ဘဝအကျဉ်းထောင်ရဲ့ ခေါင်းအုံးအောက်မှာ
ဖိတ်စာချိတ်ပိတ်လို့ ကျန်ထားရစ်ရင်း
မကြာမှီ ပွင့်လန်းလာမည့် သမာဓိခုံတော်ပေါ်
အမှတ်စာရင်း ဇယားချိတ်ဆက်မိတယ်

ဒါပေမဲ့
ပြိုင်ပွဲမစခင် အမောစို့နေတဲ့
အသင်းသားတွေကြည့်ပြီး စိတ်ပျက်မိတဲ့အနာဂါတ်ကို
ရင်တမော့မော့ လောင်းကစားဆော့သလို
တုန်လှုပ်ခြောက်ခြားရင်း စိုးရိမ်မှုမှတ်တိုင်က
ရေခဲအမှတ်ကို လွန်မြောက်သွားလို့
ဘာမသိလူသားတို့ ထိခိုက်မိမှာစိုးကြောက်မိတယ်

သို့သော်
အားပေးမှုကို လက်သုံးတော်ဓားတစ်လက်ပမာထား
ချိုမြိန်သော ပီတိပျားရည်စက်တွေ သွန်းလောင်းရင်း
သောကရတက်တွေ အိပ်မက်ပြင်မှာခေါက်သိမ်းပြီး
မလျော့သောဇွဲ မလျော့သောဝိရီယ ခိုင်မာသော
သံမဏိစိတ်ဓာတ်နဲ့ ဘဝအခန်းကျဉ်းကလွတ်မြောက်ဖို့
ကြိုးစားလက်တုံ့ရင်း ဆန့်ကျင်ဘက်အာဏာတွေကို
ရှက်သီးကြိုးပျက်လို့ ရှေ့တန်းတင်မိမှာလည်း
သူတို့အစား ကိုယ်ချင်းစာတရားနဲ့ တွေးကြောက်မိတယ်

မနေ့က
အကျွတ်တရားနဲ့ မာန်မာနတွေခဝါချလို့
အလင်းရောင်ရှိရာကို ရောက်ရှိခိုက်
ပီတိအားတွေအပြည့် ဇိမ်ခံကားတွေပယ်စွန့်ရင်း
ဘာမသိလူသားတွေအတွက် ချစ်ဇယားခင်းခဲ့တာ
သူတို့အားတွေဖြင့်ခဲ့ ဖြစ်တက်တဲ့သဘောတရားကို
လက်ဝယ်ကိုင်စွဲခဲ့တဲ့ လွတ်လပ်ခြင်းတွေ
အာကာပြင်မှာ ရောင်နီသန်းပြီးမို့
လက်ခြင်းလည်းချိတ်ဆက် ချစ်ခြင်းလည်းမပျက်
တိုးတက်ခြင်းသူတို့အတွက် အခွင့်လမ်းတွေပေးလို့
အများဆိုင် ပြည်သူ့ဥယျာဉ်ထဲ ဂုဏ်ဒြပ်မခွဲသော
အသိတရားတွေနဲ့ လက်ခြင်းယှက်လို့
တို့ အတူတူ သွားစို့လား……။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Nov 10, 2011
Comment #1

မနေ့က
အကျွတ်တရားနဲ့ မာန်မာနတွေခဝါချလို့
အလင်းရောင်ရှိရာကို ရောက်ရှိခိုက်
ပီတိအားတွေအပြည့် ဇိမ်ခံကားတွေပယ်စွန့်ရင်း
ဘာမသိလူသားတွေအတွက် ချစ်ဇယားခင်းခဲ့တာ
သူတို့အားတွေဖြင့်ခဲ့ ဖြစ်တက်တဲ့သဘောတရားကို
လက်ဝယ်ကိုင်စွဲခဲ့တဲ့ လွတ်လပ်ခြင်းတွေ
အာကာပြင်မှာ ရောင်နီသန်းပြီးမို့
လက်ခြင်းလည်းချိတ်ဆက် ချစ်ခြင်းလည်းမပျက်
တိုးတက်ခြင်းသူတို့အတွက် အခွင့်လမ်းတွေပေးလို့
အများဆိုင် ပြည်သူ့ဥယျာဉ်ထဲ ဂုဏ်ဒြပ်မခွဲသော
အသိတရားတွေနဲ့ လက်ခြင်းယှက်လို့
တို့ အတူတူ သွားစို့လား……။

Comment #2

မနေ့က
အကျွတ်တရားနဲ့ မာန်မာနတွေခဝါချလို့
အလင်းရောင်ရှိရာကို ရောက်ရှိခိုက်
ပီတိအားတွေအပြည့် ဇိမ်ခံကားတွေပယ်စွန့်ရင်း
ဘာမသိလူသားတွေအတွက် ချစ်ဇယားခင်းခဲ့တာ
သူတို့အားတွေဖြင့်ခဲ့ ဖြစ်တက်တဲ့သဘောတရားကို
လက်ဝယ်ကိုင်စွဲခဲ့တဲ့ လွတ်လပ်ခြင်းတွေ
အာကာပြင်မှာ ရောင်နီသန်းပြီးမို့
လက်ခြင်းလည်းချိတ်ဆက် ချစ်ခြင်းလည်းမပျက်
တိုးတက်ခြင်းသူတို့အတွက် အခွင့်လမ်းတွေပေးလို့
အများဆိုင် ပြည်သူ့ဥယျာဉ်ထဲ ဂုဏ်ဒြပ်မခွဲသော
အသိတရားတွေနဲ့ လက်ခြင်းယှက်လို့
တို့ အတူတူ သွားစို့လား……။

commentinfo By: May Kha at Nov 10, 2011
Comment #3

ကောင်း
အလွန်ကောင်း
ဆကရေးစေလိုကြောင်း

commentinfo By: ခမ်းမွန်ကစ် at Nov 10, 2011
Comment #4

ကိုမြတ်မင်းရေ……….
ရွှေကြယ်မိုးပါ……………
အမြဲအားပေးနေတဲ့ကဗျာသမားတစ်ယောက်ပါပဲ
အကိုနေကောင်းပါစေနော်…
ကဗျာတွေအရမ်းကောင်းတယ်

commentinfo By: yaewintaung at Nov 10, 2011
Comment #5

ကျေးဇူးတင်ပါတယ်….ကျွန်တော်ကို အခုလို အားပေးသည့်အတွက် အထူးကျေးဇူးတင်မိပါတယ်..။

Leave Comments

Name*

Email*
Website
Email me whenever there is new comment