Professional Authors

၂၃ ဧပရယ်

သတိရခြင်းတွေပေါ့ နတ်သမီးရယ်
မင်းနဲ့ ဝေးရတဲ့နေ့ကစ ယနေ့ထိ
တစ်ရက်မှ မေ့မရတာ နင်သိတယ် နော် ။
နင့်ကို သတိရတယ် နတ်သမီး
နတ်သမီးကို စတွေ့ကတည်းက
ရင်ခုန်ခဲ့မိတဲ့ ကျနော့် အဖြစ်ကိုလေ
သူ(နတ်သမီး)ကို သိစေချင်လိုက်တာ ။
ငါ နင့်ကို (နတ်သမီး)
ဘယ်လောက်ထိ ချစ်တယ် ဆိုတာ
အချိန်က ပြောပြသွားမှာပါ ။
နာရီတွေ ရွှေ့နေတယ်
မိနစ် စက္ကန့်လေးများရယ် ကျနော်ကို ကုသပေး
အချိန်ဆို သမားတော်လား
အကြောင်းမရှိ အကြောင်းရှာ
အလွမ်းဆို အမြင်ကပ်သတဲ့
သူဆိုတာ
အလွမ်းဆိုတဲ့ ဝေဒနာကို
ဖန်တီးသူ
ပေးစွမ်းသူ
ဘာလိုလိုနဲ့ တစ်နှစ်ဆိုတဲ့
ကာလတစ်ခု နှေးကွေးစွာ ကုန်လွန်လာပါပြီ ။

ကျေးဇူးတင်တယ် လောကကြီး
သင့်ကြောင့် ကျွန်ုပ် မသိသေးသော
ကျွန်ုပ် မခံစားဖူးသေးသော
ကျွန်ုပ် မတို့ထိဖူးသော
အချစ်
ပျော်ရွင်ခြင်း ၀မ်းနည်းခြင်း 
သတိရခြင်း တမ်းတခြင်းများ
အလွန်နူးညံ့သော နှလုံးသား အတွေ့အထိများ
အလွန်ကြမ်းတမ်းသော ဘ၀အတွေ့အထိများကို
ယခု
ကျွန်ုပ် ခံစားရပါသည် ။
လာမခ်ါပါနဲ့
ဒီအထီးကျန်ခြင်းလောကမှာ
နေသားတကျရှိနေပါ ပြီ ။
ပြန်မဖော် ပါနဲ့
ဒီဒဏ်ရာဟောင်းက မကျက်သေးဘူး ။
သူ့ အကြောင်း ငါ့ရှေ့မှာ မပြောနဲ့
နာကြည်းတာမဟုတ်ဘူး
မကြားချင်တာ မဟုတ်ဘူး
အနာဟောင်းက မကျက်သေးလို့ ။
ဒီနေ့ထိ
ကု

နေ

တုန်း
မို့
ပါ ။

In: ကဗျာ Posted By: Date: Apr 23, 2011
Comment #1

wow….

commentinfo By: ei lay at Sep 3, 2011
Comment #2

သိပ်မိုက်
ကျွန်တော်မျိုးဒေါ်မိုးအားပေးနေတယ်

commentinfo By: အသဲကွဲ မိုး at Apr 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment