Professional Authors

“ကဗျာစစ်သည် …”

ကဗျာတစ်ပုဒ်ဟာ …
ရင်ခုန်သံလက်နက်နဲ့
ကောင်မလေးတစ်ယောက်ရဲ့ နှလုံးသားကို
သိမ်းပိုက်တဲ့ တိုက်ပွဲမှာ …
အောင်ပါစေသား …
အောင်စေသား …

နွေနေ့လည်ခင်းတစ်ခု …
အထီးကျန်နေတဲ့ ငါ့ကြမ်းပြင်တွေ
သူသိမ်းပိုက်လှည့်…
အချစ်အတွက် ငါ့ဒိုင်ယာရီတွေ
သူ့အလိုလိုက်ခဲ့ရတယ် …
မဆန်းပါဘူး …
သွားတက်လေးနဲ့ ရင်ခုန်သံတွေကို
နုတ်နုတ်စင်းသွားတာ …
အခုထိခင်မင်ခွင့်ရတဲ့အတွက်လည်း ကျေနပ်တယ် …
တခါတည်း ပြောလိုက်မယ် …
ကောင်မလေးမင်းကိုငါ … ချစ်တယ်…

ငါတစ်ချက်မှ မညည်းဖူးဘူး …
မင်းခင်းထားတဲ့ မာယာစားပွဲခင်းပေါ်မှာ
မင်း အလိုကြိုက် ကပြဖျော်ဖြေခဲ့ရတာ …
ဒါပေမဲ့ မင်းသိဖို့ ကောင်းတာက …
ငါဟာ ငါ့ရင်ခွင်ကို နွေမြက်ကြမ်းတစ်ပင်လို
လူတိုင်းအတွက် ရည်ရွယ်ထားတာ မဟုတ်ဘူး …
လူတိုင်း နားခိုပိုင်ခွင့်မရှိဘူး …
လူတိုင်း ပြက်ရယ်ပြုခွင့်မရှိဘူး …
ဒါပေမဲ့ …
မင်းအနမ်းတွေ ငါ့ဘဝမှာ
ဖြန့်ကြဲချင်တဲ့အတွက် မင်းအဖို့တော့ ငါဟာ …
“မည်သူမဆို ဖြတ်သန်းခိုဝင်နိုင်သည် …” …ဆိုတဲ့
ဇရပ်တစ်ခုရဲ့ ခွေးကတက် …
မင်းကြိုက်သလို ဝင်ထွက်သွားလာ …
မာယာတွေသုံးပြီး ပြုံးပြုံးလေးနဲ့ …
ငါပိုင်သမျှ သိက္ခာ၊ ယူငင် သတ်စားခွင့်ရှိတယ် …

မင်း ….
မင်းအတွက် …
ငါတက်လာခဲ့သမျှချင်ခြင်းတွေ အကုန်လုံး
မြေမြုပ်မီးလောင်တိုက်သွင်းလိုက်ပြီ …
ငါဟာ ကိုယ့်ကိုကိုယ်ပြန်တူးတဲ့
ကမ္ဘာကြီး ဆိုတော့ …။…
နောက် …
ငါဟာ …
ကဗျာရေးတဲ့ ညတွေဆီကရော …
စာရေးတဲ့ ဘဝတွေဆီကရော …
စောင်ခြုံတဲ့ လမိုက်ညတွေဆီကရော …
ရယ်သံလွှမ်းတဲ့ အိပ်မက်တွေဆီကရော …
ငိုသံရွှမ်းတဲ့ လမ်းတွေဆီကရော …
အရှုံးမဖက်ဘဲ ရုန်းထွက်ခဲ့ပြီ …
မင်းအတွက် ငါ …
ကဗျာတစ်ပုဒ်လို မနာကျင်ချင်ဘူး …
စာတစ်အုပ်လို မလွမ်းချင်ဘူး …
လမိုက်ညလို မမှောင်မိုက်ချင်ဘူး …
မင်းအတွက် …
ငါ့လက်တွေကို
မင်းစိတ်ကြိုက်ပုံသွင်း၊ (လုံးဝကို)
ပြိုးပြိုးပြက်ပြက်လင်းပစ်လိုက်မယ် …
ငိုသံရွှမ်းတဲ့ လမ်းတွေဆီက ငါရုန်းထွက်ခဲ့သလို …
မင်းမငိုနဲ့တော့ …
ငါလည်း မငိုတော့ဘူး …
လက်လေးဖက်နဲ့ ကမ္ဘာကြီးအသက်ကို
သန့်စင်ခြင်းဘောင်ကွပ်မယ် …
…………………………
အင်း…
ဒီကောင်တော့
ငုတ်တုတ်ထိုင် နာမ်မဲ့အတွေးတွေနဲ့
သွပ်သွပ်ခါအောင် ရူးနေပြန်ပြီ ….။….။။။

In: ကဗျာ Posted By: Date: May 15, 2010
Comment #1

မင်းအတွက် …
ငါ့လက်တွေကို
မင်းစိတ်ကြိုက်ပုံသွင်း၊ (လုံးဝကို)
ပြိုးပြိုးပြက်ပြက်လင်းပစ်လိုက်မယ် …မိုက်တယ်..(လုံးဝကို)မိုက်တယ်..

commentinfo By: nawayeyarwaddy at Jun 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment