Professional Authors

သုညဘဝ

ငါမတွေးချင်ဘူး
ဒါပေမဲ့ ကြုံကြိုက်ရမှာဘဲ၊
ငါမသိချင်ဘူး
ဒါပေမဲ့ တကယ့်လက်တွေ့ဖြစ်တည်မှုဘဲ၊
ငါမကြုံချင်ဘူး
ဒါပေမဲ့ ရှောင်ပြေးနိုင်တဲ့သူမရှိခဲ့ဘူး။

မင်းဟာကြီးကျယ်ခမ်းနားတယ်
တရားမျှတမှုရှိတယ်
အတ္တကိုရှုံးနိမ့်စေတယ်
နှိမ့်ချမှုကို ဂုဏ်ယူစေတယ်
အောင်မြင်မှုကို ရိုင်းပင်းမှုက ကန့်သတ်ထားတယ်။
မင်းဟာရွေးချယ်ခွင့်တွေလည်းပေးထားတယ်။

ဒါပေမဲ့…..
ငါကြောက်နေမိတယ်
ငါ့မှာအတ္တတွေများနေလား
ငါနှိမ့်ချရမှာရှက်နေလား
သူတစ်ပါးကိုကူညီဖို့တွန့်ဆုတ်နေလား
ငါမှန်မှန်ကန်ကန်ရွေးချယ်နိုင်ပါ့မလား။

ဘာဘဲဖြစ်ဖြစ်ပေါ့
နောက်ဆုံးတော့လည်း
ငါ့ကို ဒီလောကကြီးထဲက မောင်းထုတ်လိုက်မှာပါ။     ။

In: ကဗျာ Posted By: Date: Oct 20, 2011
Comment #1

ငါမတွေးချင်ဘူး
ဒါပေမဲ့ ကြုံကြိုက်ရမှာဘဲ၊
ငါမသိချင်ဘူး
ဒါပေမဲ့ တကယ့်လက်တွေ့ဖြစ်တည်မှုဘဲ၊
ငါမကြုံချင်ဘူး
ဒါပေမဲ့ ရှောင်ပြေးနိုင်တဲ့သူမရှိခဲ့ဘူး။

commentinfo By: mgchannaye at Oct 20, 2011
Comment #2

ဘာဘဲဖြစ်ဖြစ်ပေါ့
နောက်ဆုံးတော့လည်း
ငါ့ကို ဒီလောကကြီးထဲက မောင်းထုတ်လိုက်မှာပါ။ ။
ဟုတ်ပါရဲ့

commentinfo By: yaewintaung at Oct 21, 2011
Comment #3

အင်း..တစ်နေ့တော့ လက်ပြရမှာပဲလား

commentinfo By: Myat-T at Oct 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment