သွေးစွန်းလက်နဲ့ရေးတဲ့ကဗျာ
ဖိနပ်မပါတဲ့ ခံစားချက်တွေနဲ့…….နှလုံးသားပွန်းပဲ့တာတွေများလာတဲ့အခါ……
ဒါ….ဒဏ်ရာလို့အမည်တပ်…အကြည့်တွေ၂ချက်လောက် ခပ်သွက်သွက်မှိတ်လိုက်တယ်….
မိုး..ရွာနေတယ်ထင်ရဲ့..ကဗျာ…..။
အိပ်မက်မဟုတ်ခဲ့တဲ့ နင်ရယ် ငါရယ်….အတိတ်ထဲက ကဗျာရယ်…..
ခု…ကိုယ့်ရင်ခွင်ကိုယ်ဖက်လို့ အလွမ်းတွေ အငွေ့သတ်ထားတယ်…..။
အယောင်ဆောင်အပြုံးတချို့နဲ့..နင်လိုအပ်ရင် နင့်အတွက်လို့ ထပ်အော်မယ့်သူ…
ငါလည်းပဲ လူပါကဗျာ……နင့်အတွက်အဖြည့်ခံဆိုပြီးနေတတ်ခဲ့ရုံ….
ခု…သူလိုငါလို…ငါ……သူလိုငါလို…….
သူလိုလိုငါလိုလို အမှားတွေကြား…ပုံပြင်လေးလည်း သူလိုငါလိုပါပဲလား ကဗျာ….။
ငါ..မကမ်းခဲ့လို့လား…ငါ..မလှမ်းခဲ့တာလား ကဗျာ..ဒါပေမယ့် နင်သေချာမှတ်ထား ကဗျာ….
ဒါ..လမ်းမဟုတ်ဘူး…အမြဲနင်တစ်ယောက်တည်းလှမ်းဖို့ ခင်းထားရုံသက်သက်…..။
“ဘ၀”မဟုတ်ဘူး…အဟား…ဒါ …..”ခဏ”တဲ့…
ငါဆိုတာရယ်လေ……….နင်ချွတ်မှ ကျွတ်မယ့် ၀ိဥာဉ်ပါ ကဗျာ
နင်..မြင်လား ကဗျာ ငါဆိုတာ ..ရင်ဘတ်က သွေးလေး မစို့မပို့ထွက်…အဲ့လောက်နဲ့
မမုန်းတတ်လို့ပါ…..
ဒီနေရာကိုတည့်တည့်ချိန်….တည့်တည့်ထိုးခဲ့စမ်းပါ…..နင်မြင်ခဲ့ပါရဲ့လားဟာ……။
နင် မှန်ချင်မှန်လိမ့်မယ်..ငါမှားချင်လည်းမှားနေမယ်…နင့်ရင်ခွင်က
“ငါ”တနေရာစာအတွက်…..
ဒါပေမယ့် နောက်ထပ်များရွေးချယ့်ခွင့်ရှိရင်တောင်… “နောင်တ” ဆိုပြီး
ဆိုင်းဘုတ်မတပ်နဲ့….
ငါ….ထပ်မှားဦးမယ့်ကောင်…။
အတိတ်သက်သက်ဆိုရင်တောင် အရိပ်သက်သက်နဲ့ ခြောက်လှန့်နေတဲ့စိတ်….
အခန်းတံခါးပိတ်တောင်မလုံခြုံဘူး…..
ငါအဲ့လောက်လေး……ရူး…သွပ်……..ရုံ….။
နင်လိုအပ်တဲ့အခါ…ဂန္တ၀င်မမြောက်…မှော်မဆန်ပေမယ့်…..
ငါ့ရင်ဘတ်…အစွမ်းကုန်ကုတ်ခြစ်ထားတဲ့ စာတစ်ရွက်……..
နင်ဖတ်ဖို့ခေါင်းစဉ်တပ်ပေးမယ်..အဲ့ဒါ…….
………နင့်အတွက်……………………………………………………
………………..သွေး..စွန်း..လက်..နဲ့..ရေး..တဲ့..ကဗျာ…
Comment #4
oh my god..
lone wa heart hti twar p.
heart attack ya twar p.
ke kya par ong
By: ei lay at Nov 8, 2011
Comment #5
ကျေးဇူးပါဗျာ…အားပေးတဲ့အတွက် မအိလေး
🙂
By: သားသား at Nov 8, 2011
Comment #6
u r welcome
By: ei lay at Nov 11, 2011
Comment #7
နင်လိုအပ်တဲ့အခါ…ဂန္တ၀င်မမြောက်…မှော်မဆန်ပေမယ့်…..
ငါ့ရင်ဘတ်…အစွမ်းကုန်ကုတ်ခြစ်ထားတဲ့ စာတစ်ရွက်……..
နင်ဖတ်ဖို့ခေါင်းစဉ်တပ်ပေးမယ်..အဲ့ဒါ…….
………နင့်အတွက်……………………………………………………
………………..သွေး..စွန်း..လက်..နဲ့..ရေး..တဲ့..ကဗျာ…
ဘယ်နှစ်ခါဖတ်ဖတ် … ကဗျာရေးတုန်းက ဖီလင် ပြန်ရနေတုန်းဆိုလို့ … ပြန်လာဖတ်ကြည့်သွားတယ် … 🙂 …
“ဘ၀”မဟုတ်ဘူး…အဟား…ဒါ …..”ခဏ”တဲ့… …
”ခဏ” မဟုတ်ဘူး … ဒါ .. ”ဘ၀” … နော် …. 🙂
By: ငယ် at Mar 29, 2012
Comment #9
a yan a yan ko kyike par d,
a yan a yan kaung par d,
By: ei lay at Mar 30, 2012
Comment #10
ကောင်းတယ်ဗျ….goodတယ်..
ခံစားအားပေးသွားပါတယ်
By: poem.poem28 at Mar 31, 2012




Comment #1
သားသားရေ…ကောင်းတယ်ဗျာ…အမ အားပေးနေပါတယ်