Professional Authors

အရိပ် (မင်းကိုချစ်တဲ့သူ)

တိတ်တဆိတ်လေးပါပဲ…
ဘယ်သူမှ မသိသေး
ဘယ်သူမှ မရှိသေးတဲ့
ရင်ခွင်ကို အဆင်သင့်
ခင်းကျင်းထားခဲ့တာ
သူနားခိုဖို့အတွက်ပေါ့…

အကြိမ်ကြိမ်အခါခါဆုံးဖြတ်ပြီး
သေသေချာချာ ချစ်ပစ်ဖို့
ဘယ်အရာကိုမှ မမှုခဲ့သူပါ
ရေမကူးတတ်တော့လဲ
ရေတိမ်မှာနစ်တာ စာမဖွဲ့လောက်ဘူး…

ဆိတ်တွေ ရေကူးနေသလိုပေါ့
ငါလဲ စိတ်ကူးကြည့်ဖူးတယ်
ဘယ်အရာက ယစ်မူးစေခဲ့တာလဲ
ထူးထူးခြားခြား မရှိခဲ့ပေမယ့်
ဦးဦးဖျားဖျား ချစ်ခဲ့ဖူးသူပါပဲ…

သူ ခိုင်းရာစေ
သူ စေရာသွား မဟုတ်ပေမယ့်
သူ သွားရာနေ
သူ့ ခြေရာများ အနောက်မှာ
တကောက်ကောက်လိုက်ရတဲ့ အရိပ်လေးပါ
အခုတော့လဲ မှောင်မှာကိုကြောက်နေခဲ့ပြီ…

အလွမ်းဓာတ်ခံ နှလုံးသားအတွက်
အလွမ်းသံစဉ်တွေ ရပ်တန့်ပေးပါ
အဆွေးဓာတ်ခံ နှလုံးသားအတွက်
မိုးမင်းကြီးရယ် မိုးကိုရပ်တန့်ပေးပါ
အချစ်ငတ်နေတဲ့ နှလုံးသားအတွက်
အမုန်းစကားတွေ ရပ်တန့်ပေးပါ  

ဝေးစရာမရှိရအောင် မမှောင်နိုင်တဲ့
အတွေးကမ္ဘာမှာ ခစားပါ
မတည်မြဲတဲ့ လောကကြီးအတွက်
တည်မြဲနိုင်တဲ့ သူ့ရဲ့အရိပ်လေးဖြစ်ပါရစေဘုရား…

In: ကဗျာ Posted By: Date: Apr 14, 2012
Comment #1

တောင်းတဲ့ဆုနဲ့ပြည့်ပ်ါစေ…….

commentinfo By: May Kha at Apr 14, 2012
Comment #2

ကျေးဇူး များများတင်ပါတယ်… မမေခ…

Comment #3

ဆုတောင်းတိုင်းသာပြည့် ပါမယ်ဆိုရင်……..ဘုရားရှေ့  မှာထိုင်ပြီးနေ့ တိုင်းသာဆုတောင်းပေတော့ …….

commentinfo By: naytunkosunnay at Apr 15, 2012
Comment #4

ထူးထူးခြားခြား မရှိခဲ့ပေမယ့်
ဦးဦးဖျားဖျား ချစ်ခဲ့ဖူးသူပါပဲ… ဒီလိုပါပဲဗျာ ချစ်ရတဲ့သူဆိုတော့

commentinfo By: သွေးသစ်မင်း at Apr 15, 2012
Comment #5

ကိုနေထွန်း
ဆုတောင်းတယ်ဆိုတာ ကံအကျိုးပြုစေဖို့ပါ… ဆုတောင်းတိုင်းပြည့်မယ်လို့ မယုံကြည်ပါဘူး… အဲ့လိုတာပြည့်ခဲ့မယ်ဆိုရင်လဲ ကျနော်ဒီကဗျာကို ဘယ်ရေးဖြစ်တော့မလဲဗျာ…
ကံကိုယုံပါတယ်… ဥာဏ်လဲလိုတယ်… ၀ရိယပါရင်တော့ အောင်မြင်မှုဆိုတာ ရှောင်လွဲလို့မရပါဘူး….

လာရောက်ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်….
မင်္ဂလာနှစ်သစ်ပါ…

commentinfo By: deadxromeo at Apr 15, 2012
Comment #6

ကိုသွေးသစ်မင်း

ကျနော်ကဗျာကိုလာရောက်ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်… ဘ၀တူတွေဆိုတာ အထွေအထူးပြောစရာဘယ်လိုမလဲ… တနေ့တော့ နေထွက်တာ ကို့အတွက်ဖြစ်ပါစေဗျာ…

ကောင်းသောနှစ်သစ်ပါခင်ဗျာ….

commentinfo By: deadxromeo at Apr 15, 2012
Comment #7

so cute,
so lovely,

commentinfo By: ei lay at Jul 21, 2012
Comment #8

super like
super like
super like

commentinfo By: ei lay at Aug 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment