Professional Authors

တွေဝေခဲ့

လက်ထဲမှာဆုပ်ကိုင် အဝေးကြီးပစ်ခဲ့ 
မနက်ဖြန် နဲ့ ဧဒင်
ဖမ်းဆုပ်မိဖို့ အားအင်………………..
ငါ က မနေ့ ကသူလား

မင်းကြောက်တဲ့ မိုးစက်တွေက
လက်သီးလုံးလောက်မရှိပေမယ့်
ရွှဲရွှဲစိုမှာ ကြောက်တယ်ဆို..

တံခါးမပိတ်ထားဘူး………….

ထိုင်ခုံတစ်လုံး.. ကော်ဖီတစ်ဝက်
ငါရေဆာမနေဘူး

ငါ့ရင်ဘတ်ထဲ ရှိနေတဲ့ 
အတိုအစလေးတွေ ငုံကြည့်ပြီး
ငါရင်တွေ လေးလံနေတယ်ကောင်မလေးရေ…

In: ကဗျာ Posted By: Date: Nov 17, 2012
Comment #1

ဒါလေးကိုကြိုက်တာ……… နောက်ဆုံးအပိုက်လေးးးးး ငါသိပ်ကြိုက်တာ……

commentinfo By: Arkar Do at Nov 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment