Professional Authors

ဝါဒ

ငါက…..

မင်း အပြုံးတစ်ပွင့် ပွင့်လိုက်တိုင်း

မင်း အတွက် ဒူးထောက်ဆို ထောက်ဝံ့တယ်…..

ငါက…..

မင်း မျက်လုံးတစ်ချက် ပင့်လိုက်တိုင်း

မင်း အတွက် ရဲရင့်ဆို ရဲရင့်ဝံ့တယ်…..

ငါက…..

မင်း စကားလုံးလေးတွေ ခြွေချလိုက်တိုင်း

ငါ့ဘ၀ ပြာကျဆို ကျရဲတယ်…..

ငါက…..

မင်း ခေါင်းတစ်ချက် လှည့်လိုက်တိုင်း

ငါ့ဘ၀ ပြောင်းဆို ပြောင်းပစ်ရဲတယ်…..

ငါက…..

ညင်သာတဲ့ မင်းအပြုအမူတွေ အတွက်

အခါခါ ပျာယာခတ်ဝံ့ပေမယ့်…..

ငါက…..

မညင်သာတဲ့ မင်းအမိန့်တွေ ပေးတိုင်း

 အကြိမ်ကြိမ် ကျောခိုင်းဝံ့တယ်…..

                                                      စစ်အေးငြိမ်း

In: ကဗျာ Posted By: Date: Aug 15, 2011
Comment #1

ငါက…..

မင်း ခေါင်းတစ်ချက် လှည့်လိုက်တိုင်း

ငါ့ဘ၀ ပြောင်းဆို ပြောင်းပစ်ရဲတယ်…..အားပေးသွားတယ်

Comment #2

read again this poem.
i like so so much except the last one.

commentinfo By: ei lay at Aug 15, 2011
Comment #3

ဟုတ်တယ် အိလေးရေ……….
အရင်တင်ထားတာတွေ မတွေ့တော့လို့ကွ………
ဘာဖြစ်တာလဲ မသိဖူးရယ်………..
အားပေးတာ ကျေးကျေးပါကွာ………..
နောက်ဆုံးတခုကတော့ မောက်မောက်မာမာပြောရင် ဘယ်သူမှ မကြိုက်ဖူးလေ ညီမရဲ့………
ဟုတ်တယ်မလား…………..

commentinfo By: sitayenyein at Aug 15, 2011
Comment #4

he,,he,,
hote,,,,,

same to u..i dislike.
so i always try not to say like that.
but sometimes,i m afraid of my behaviour making mistakes.

commentinfo By: ei lay at Aug 15, 2011
Comment #5

ညင်သာတဲ့ မင်း အပြု အမူတွေ အတွက်
အခါခါ ပျာယာ ခတ်ဝံ့ပေမဲ့……..

commentinfo By: nwenyeinaye at Aug 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment