Professional Authors

တကိုယ်တော် ရင့်မှဲ့ခြင်း

ကိုယ်ကိုတိုင် ပဲ့ကိုင်ပြီး
လွန်းတင်ခဲ့တဲ့  ဘ၀က
အစိမ်းလိုက် ငါ့ကိုပြန် ၀ါးမျို
ဒီ ခန္ဓာကြီးက တောင့်တောင့်ကြီးရပ်လို့
ကိုယ်ကိုကိုယ် ထမ်းတင်__
လေတွေတိုက်တိုင်းလဲ
ခံနိုင်ရည်ရှိခဲ့ပြီ။
နွားခြေရာခွက်ထဲ
ငါ့မှာ…
သမင်ယောင်ဆောင်လိုက်. ကျားယောင်ဆောင်လိုက်
ဥတုသုံးပါးမရွေး  အရောင်တွေလဲ
ပြောင်းတတ်ခဲ့…
ဟောဒီ ပါးတွေကလည်း
ပြုံးပြုံး ပြရတာ
အဖတ်လိုက် အဖတ်လိုက်
ပြက္ကဒိန်တွေကလည်း ဟုန်းဟုန်းထလို့
အရွက်လိုက် အရွက်လိုက် ဆုတ်ခဲ့။

ရုပ်ဝတ္ထုတွေကို ချုပ်ကိုင်ဖို့ကြိုးစားရင်း
ရုပ်ဝတ္ထုတွေကပဲ ပြန်ပြီးချုပ်ကိုင်
အနုပညာလဲမမြောက်သလို ကဗျာလဲမဆန်ခဲ့…..
အရင်လို ……
ကမူးရှုးထိုး မထတော့သလို
အလျှင်စလိုလဲမနိုင်တော့…
ဘ၀ရဲ့တစ်ခုတည်းသော အိမ်မက်ဆီကိုသာ
ဖုန်တထောင်းထောင်းထ .
ကဆုန်ဆိုင်းခဲ့..
ခုထိတော့ ငါ့ခွာသံတွေလဲ အဟုန်ပြင်းဆဲ..။

မိုးမသောက်မှီတော့ ည ကအရင် နက်တယ်.
ခံစားမှုအိုအို တွေနဲ့ ကောင်းကင်ကို
ဆွဲဖြဲလို့ခြုံ..ရင်ဘက်ထဲက
အလွမ်းအပိုတွေကိုလဲ လုံအောင် ဖုံးရပြန်____
ဟူးးးးး……
………..
တစ်ခါတစ်ခါ တစ်ကိုယ်စာအမိုးအောက်
မောဟိုက်နေတဲ့ ထွက်သတ်နဲ့
ပြင်းပြနေတဲ့ ၀င်သတ်ကို
ရင်ဘက်မှာကပ်
ခန္ဓာကိုယ်ကလည်း တခါတရံတော့
…..တိတ်ဆိတ်…..
…..တိတ်တတဆိတ်….
…..တိတ်တိတ်…..
…..
…..

ကျောဘက်မှာ ငါ့ကိုနင်းသွားတဲ့ခြေရာတွေ
ရင်ဘက်မှာ ငါ့ကိုကန်သွားတဲ့ခြေရာတွေ
အနောက်ဘက်က ငါခင်းခဲ့တဲ့လမ်းတွေ
အရှေ့ဘက်က ငါနင်းရမယ့်လမ်းတွေ
လှမ်းကြည့်လို့မမြင်နိုင်သလို
လွမ်းမိလို့လဲမသေနိုင်အောင်
ငါ့မျက်နှာဖုံးကိုငါ မြဲမြဲ စွပ်ခဲ့…

စွန့်ပစ်ထားတဲ့ စိတ်ကူးနဲ့ တစွန်းတစပြူနေတဲ့
လွမ်းခိုးရောင် အိပ်မက်တွေ.
အရင်ကထက် ပိုပိုပြီး
ရောင့်ရဲတင်းတိမ်ခဲ့……..
နှောင့်နှေး ကြန့်ကြာခဲ့……

ရှေ့မှာ……… မမြင်ရတဲ့လမ်းတွေ
ရှေ့မှာ……… မကြင်ရမယ့် အနမ်းတွေ
ရှေ့မှာ …….. မထင်ရတဲ့ မိုးတွေ
ရင်းရမယ့် ဘ၀နဲ့
ဆင်းရမယ့် အ၀တွေ…..
တစ်ခါတွေးရင် တစ်ခါ
………..
ရှိုက်
……….
ငင်
……….
တွေ
………
ငေး
………။……………..။

In: ကဗျာ Posted By: Date: Sep 25, 2011
Comment #1

ကောင်းလိုက်တာဗျာ…အစအဆုံးဖတ်ပြီးတော့
ခေါင်းစဉ်ကိုပြန်ကြည့်မိတယ်….
အော်…တစ်ကိုယ်တော်ရင့်မှဲ့ခြင်း ကိုး….

commentinfo By: ကြယ်စစ်သည် at Sep 25, 2011
Comment #2

;D

commentinfo By: ဗုဒ္ဓဟူး at Sep 25, 2011
Comment #3

ကောင်းမှ ကောင်း

Comment #4

ဘာကိုဆိုလိုချင်တာလဲ အကို ကြယ်စစ်သည်၊???.. is there something s wrong with my title?
i also dont know how to give my title. 😀

commentinfo By: ဗုဒ္ဓဟူး at Sep 25, 2011
Comment #5

ကဗျာလေးကောင်းတယ်ဗျာ….တကယ်ပါ..အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Sep 25, 2011
Comment #6

ကောင်းတယ်ဗျာ ကဗျာလေး တကယ်ကြိုက်တယ် 🙂

commentinfo By: သားသား at Sep 25, 2011
Comment #7

အားရှိသွားပြီ ဒီလိုကြားရတာ 🙂

commentinfo By: ဗုဒ္ဓဟူး at Sep 26, 2011
Comment #8

ကျောဘက်မှာ ငါ့ကိုနင်းသွားတဲ့ခြေရာတွေ
ရင်ဘက်မှာ ငါ့ကိုကန်သွားတဲ့ခြေရာတွေ
အနောက်ဘက်က ငါခင်းခဲ့တဲ့လမ်းတွေ
အရှေ့ဘက်က ငါနင်းရမယ့်လမ်းတွေ
လှမ်းကြည့်လို့မမြင်နိုင်သလို
လွမ်းမိလို့လဲမသေနိုင်အောင်
ငါ့မျက်နှာဖုံးကိုငါ မြဲမြဲ စွပ်ခဲ့…
စာသားတွေ…မိုက်တယ်။အဲဒီစာသားလေးကိုအကြိုက်ဆုံးပဲ အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment