Professional Authors

နှစ်သိမ့်ဆု

သူရဲကောင်းဆိုတာ ဒဏ်ရာနဲ့မကင်းဘူးဆို

အချစ်သူရဲကောင်းကြီး မဖြစ်ရင်နေပါ

ယုန်သူငယ်လေးလို မင်းဘေးနားမှာ

ခုန်ပေါက်ပျော်ရွှင်ချင်တယ်

 

နူးညံလွန်းတဲ့ ငါ့နှလုံးသားဟာ

ထိရှ ကွဲအက်လွယ်ပေမယ်

ခွဲလိုက်ရင်တန်ဖိုးရှိတဲ့ အုန်းသီးမှတော့

စွဲဖြဲလိုက်ပါ တစ်စစီပဲ

 

ငါလိုချင်တာက အချစ်

မင်းပေးနိုင်တာက အမုန်း

 

ဒီလိုသာဆို

သံယောဇဉ် တွေ မေတ္တာတွေပြန်မပြောတော့ဘူး

သူငယ်ချင်း ဖြစ်ဖို့တောင် ငါမလိုလားဘူး

မာနကြီးတာတော့ မဟုတ်

သူငယ်ချင်းလိုလဲ သဘောထားမကြီးနိုင်ဘူး

 

အမုန်းကိုပဲ မင်းဆီကငါယူတော့မယ်

အချစ်နဲ့ ကျောချင်ကပ်ထားချင်လို့

 

တစ်ခါတစ်လေများ

အသက်မဲ့တဲ့အင်္ကျီလေးတောင် အားကျပါရဲ့

ချစ်သူအတွက် အကာအကွယ်ပေးနိုင်လို့

 

အပြေးပြိုင်ဖို့ ကြိုးစားနေတဲ့ ထော့ကျိုး

မျက်ကန်းဆွဲတဲ့ ပန်းချီကားလို

နှစ်သိမ့်ဆုတော့ရမယ်ဆို

လိုချင်ပါရဲ့ မင်းရဲ့အပြုံး။

                                                                           ပြည့်စုံ ( 23.9.2011 <—> 3:46AM )

In: ကဗျာ Posted By: Date: Sep 23, 2011
Comment #1

တစ်ခါတစ်လေများ

အသက်မဲ့တဲ့အင်္ကျီလေးတောင် အားကျပါရဲ့

ချစ်သူအတွက် အကာအကွယ်ပေးနိုင်လို့
ဟုတ်ပဗျာ..
ကဗျာလေး မိုက်တယ်

Comment #2

ဟုတ်ကဲ့ပါဗျာ ကျေးဇူး

commentinfo By: ပြည့်စုံ at Sep 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment